သူ​ကြီး 20:40-48 Common Language Bible (BCL)

40. ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။-

41. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊-

42. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ဆုတ်​ခွာ​၍ တော​ကန္တာ​ရ​ထဲ​သို့​ထွက်​ပြေး​ကြ​၏။ သို့​ရာ​တွင် မလွတ်​မ​မြောက်​နိုင်​ကြ။ ဣ​သ​ရေ​လ​ပင်​မ​တပ် ကြီး​နှင့်​မြို့​ထဲ​မှ​ထွက်​လာ​သော​တပ်​ပုန်း​တို့ ၏​စပ်​ကြား​တွင် ပိတ်​၍​မိ​နေ​ကြ​သ​ဖြင့်​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​တော့​၏။-

43. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ​တို့​အား ဝိုင်း​ရံ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​ရှေ့​ဘက်​သို့​တိုင်​အောင် မ​ရပ်​မ​နား​လိုက်​လံ​တိုက်​ခိုက်​သတ်​ဖြတ်​ကြ သ​ဖြင့်၊-

44. ဗင်္ယာ​မိန်​အ​မျိုး​သား​လက်​ရွေး​စင်​တပ်​သား တစ်​သောင်း​ရှစ်​ထောင်​မျှ​ကျ​ဆုံး​လေ​သည်။-

45. အ​ခြား​သူ​တို့​သည်​လှည့်​၍​တော​ကန္တာ​ရ​ဘက်​သို့ ပြေး​ပြီး​လျှင်​ရိမ္မုန်​ကျောက်​သို့​ရောက်​ကြ​၏။ လမ်း များ​ပေါ်​၌​ထို​သူ​တို့​အ​နက်​လူ​ငါး​ထောင်​မျှ ကျ​ဆုံး​ရ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျန်​ရှိ​သေး​သူ​တို့​အား ဂိ​ဒုံ​မြို့​တိုင် အောင်​ဆက်​လက်​လိုက်​လံ​တိုက်​ခိုက်​၍​လူ​နှစ် ထောင်​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-

46. ထို​နေ့​၌​ဗင်္ယာ​မိန်​အ​မျိုး​သား​စု​စု​ပေါင်း​နှစ် သောင်း​ငါး​ထောင်​မျှ​သေ​ရ​ကြ​၏။ ထို​သူ​အား လုံး​ပင်​သူ​ရဲ​ကောင်း​များ​ဖြစ်​ကြ​သ​တည်း။

47. သို့​ရာ​တွင်​လူ​ခြောက်​ရာ​တို့​သည်​တော​ကန္တာ​ရ​ရှိ ရိမ္မုန်​ကျောက်​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ လေ​သည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​လေး​လ မျှ​နေ​ကြ​၏။-

48. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​၍ ယောကျာ်း၊ မိန်း​မ၊ က​လေး၊ တိရစ္ဆာန်​အ​ပါ​အ​ဝင် ကျန်​ရှိ​နေ​သေး​သည့်​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ အား​သတ်​ပစ်​ကြ​လေ​သည်။ တွေ့​သ​မျှ​သော မြို့​တို့​ကို​လည်း​မီး​ရှို့​ကြ​၏။

သူ​ကြီး 20