36. ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။-
37. ထိုအခါတပ်ပုန်းသည်ဂိဗာမြို့ထဲသို့အလျင် အမြန်ဝင်ပြီးလျှင် လူဖြန့်၍ရှိသမျှသောမြို့ သူမြို့သားတို့အားလုပ်ကြံသတ်ဖြတ်ကြလေ သည်။-
38. ဣသရေလတပ်မကြီးသည်တပ်ပုန်းနှင့် အချက် ပြအမှတ်အသားတစ်ခုကိုစီစဉ်ထားခဲ့ကြ ၏။ မြို့ထဲမှမီးခိုးလုံးကြီးများတက်လာသည် ကိုမြင်သောအခါ၊-
39. စစ်မြေပြင်တွင်ရှိနေကြသောဣသရေလတပ် သားတို့သည်ထွက်ပြေးရာမှလှည့်၍ပြန်လာရန် ဖြစ်၏။ ယင်းသို့ထွက်ပြေးဆုတ်ခွာချိန်၌ဗင်္ယာမိန် အမျိုးသားတို့သည် ဣသရေလတပ်သားသုံး ဆယ်ကိုသတ်ဖြတ်ပြီးဖြစ်သည်။ သူတို့က``ယခု တစ်ကြိမ်လည်းရှေးနည်းတူပင်သူတို့အပေါ် ၌ငါတို့အနိုင်ရလေပြီ'' ဟုအချင်းချင်း ပြောဆိုကြ၏။-