21. ဗင်္ယာမိန်တပ်သည်မြို့ထဲမှထွက်လာ၍နေ မဝင်မီပင် ဣသရေလတပ်သားနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်သတ်ဖြတ်လိုက်ကြ၏။-
22-23. ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။-
24. သူတို့သည်ဒုတိယအကြိမ်ဗင်္ယာမိန်တပ် ရှိရာသို့ချီတက်ကြလေသည်။-
25. ဗင်္ယာမိန်တပ်သားတို့သည်လည်းဂိဗာမြို့မှ ဒုတိယအကြိမ်ထွက်လာကြ၏။ ဤအကြိမ် တွင်သူတို့သည်လက်နက်ကိုင် ဣသရေလ တပ်သားတစ်သောင်းရှစ်ထောင်ကိုသတ်ဖြတ် လိုက်ကြလေသည်။-
26. ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် ဗေသလမြို့သို့သွား၍ငိုကြွေးကြ၏။ သူ တို့သည်ထာဝရဘုရား၏ရှေ့တော်တွင်ထိုင် လျက် ညနေချမ်းတိုင်အောင်အစာရှောင်ကြ၏။ သူတို့သည်ထာဝရဘုရား၏ရှေ့တော်၌ မိတ် သဟာယယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော် ကြ၏။-
27-28. ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
29. ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌စစ်သားအချို့ကိုပုန်း အောင်း၍နေစေကြ၏။-
30. ထိုနောက်သူတို့သည်ဗင်္ယာမိန်တပ်ရှိရာသို့ တတိယအကြိမ်ချီတက်ကာ မိမိတို့၏တပ် သားများကိုရှေ့ကနည်းတူဂိဗာမြို့ကိုမျက် နှာမူ၍တိုက်ပွဲဝင်ရန်နေရာယူစေကြ၏။-
31. ဗင်္ယာမိန်အမျိုးသားတို့သည်တိုက်ခိုက်ရန်ထွက် လာသောအခါ မြို့နှင့်ဝေးကွာရာသို့မျှား၍ ခေါ်ဆောင်ခြင်းခံကြရ၏။ သူတို့သည်ကွင်းပြင် တွင်လည်းကောင်း၊ ဗေသလမြို့သို့သွားရာလမ်း နှင့်ဂိဗာမြို့သို့သွားရာလမ်း၌လည်းကောင်း ယခင်ကကဲ့သို့ပင်ဣသရေလအမျိုးသား တို့ကိုစတင်လုပ်ကြံကြရာလူပေါင်းသုံးဆယ် ခန့်သေလေသည်။-
32. ဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။-
33. သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ပင် မတပ်ကြီးသည် ဆုတ်ခွာ၍ ဗာလတာမာမြို့၌ ပြန်လည်စုရုံးမိသောအခါ ဂိဗာမြို့ကိုဝိုင်းရံ ထားသောတပ်ပုန်းသည် မိမိတို့ပုန်းအောင်းရာ ကျောက်ပေါများသည့်မြို့ပတ်လည်အရပ်မှ ရုတ်တရက်ထွက်လာကြ၏။-
34. ဣသရေလတစ်မျိုးလုံးမှလက်ရွေးစင်လူတစ် သောင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ကြလေသည်။ တိုက်ပွဲမှာပြင်းထန်လှ၏။ ဗင်္ယာမိန်အမျိုးသား တို့သည်မိမိတို့အရေးရှုံးနိမ့်ရတော့မည့် အဖြစ်ကိုမရိပ်မိကြချေ။-
35. ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။-
36. ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။-
37. ထိုအခါတပ်ပုန်းသည်ဂိဗာမြို့ထဲသို့အလျင် အမြန်ဝင်ပြီးလျှင် လူဖြန့်၍ရှိသမျှသောမြို့ သူမြို့သားတို့အားလုပ်ကြံသတ်ဖြတ်ကြလေ သည်။-
38. ဣသရေလတပ်မကြီးသည်တပ်ပုန်းနှင့် အချက် ပြအမှတ်အသားတစ်ခုကိုစီစဉ်ထားခဲ့ကြ ၏။ မြို့ထဲမှမီးခိုးလုံးကြီးများတက်လာသည် ကိုမြင်သောအခါ၊-
39. စစ်မြေပြင်တွင်ရှိနေကြသောဣသရေလတပ် သားတို့သည်ထွက်ပြေးရာမှလှည့်၍ပြန်လာရန် ဖြစ်၏။ ယင်းသို့ထွက်ပြေးဆုတ်ခွာချိန်၌ဗင်္ယာမိန် အမျိုးသားတို့သည် ဣသရေလတပ်သားသုံး ဆယ်ကိုသတ်ဖြတ်ပြီးဖြစ်သည်။ သူတို့က``ယခု တစ်ကြိမ်လည်းရှေးနည်းတူပင်သူတို့အပေါ် ၌ငါတို့အနိုင်ရလေပြီ'' ဟုအချင်းချင်း ပြောဆိုကြ၏။-