1. မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-
2. စုရုံးရောက်ရှိလာကြသောဘုရားသခင် ၏လူမျိုးတော်တွင် ဣသရေလအနွယ် အပေါင်းတို့၏ခေါင်းဆောင်များပါဝင် ကြ၏။ မိဇပါမြို့၌ခြေလျင်တပ်သား ပေါင်းလေးသိန်းမျှစုရုံးလျက်ရှိသတည်း။-
3. ဤအတောအတွင်းဗင်္ယာမိန်အမျိုးသား တို့သည်မိဇပါမြို့၌ အခြားဣသရေလ အမျိုးသားအပေါင်းတို့စုဝေးလျက်ရှိ ကြောင်းကိုကြားသိကြလေသည်။ဣသရေလအမျိုးသားတို့က``ဤရာဇဝတ် မှုကိုအဘယ်သို့ကူးလွန်ပါသနည်း။ ငါ တို့အားပြောပြပါလော့'' ဟုမေးကြလျှင်၊-
4. အသတ်ခံရသူမိန်းမ၏လင်လေဝိအမျိုး သားက``ကျွန်ုပ်သည်မယားငယ်နှင့်အတူ ဗင်္ယာ မိန်နယ်မြေရှိဂိဗာမြို့သို့ညအခါတည်း ခိုရန်သွားရောက်ခဲ့ပါ၏။-
5. ဂိဗာမြို့သားတို့သည်ကျွန်ုပ်အားရန်ပြုလို၍ အိမ်ကိုဝိုင်းရံထားကြပါသည်။ သူတို့သည် ကျွန်ုပ်ကိုသတ်ရန်ကြံရွယ်သော်လည်းကျွန်ုပ် ၏မယားငယ်အားမုဒိန်းကျင့်သဖြင့်သူ သည်သေဆုံးသွားပါ၏။-
6. ကျွန်ုပ်သည်သူ၏ရုပ်အလောင်းကိုယူ၍အပိုင်း ပိုင်းဖြတ်ပြီးလျှင် ဣသရေလတစ်ဆယ့်နှစ် မျိုးထံသို့တစ်ပိုင်းစီပေးပို့ခဲ့ပါ၏။ ဤသူ တို့သည်ဣသရေလလူမျိုးတွင်ဆိုးညစ် သောအမှု၊ အဋ္ဌမ္မအမှုကိုပြုကြပါပြီ။-
7. ဤအရပ်တွင်ရောက်ရှိနေသောသင်တို့ အပေါင်းသည် ဣသရေလအမျိုးသားများ ဖြစ်ကြသည်။ ဤအမှုနှင့်ပတ်သက်၍အဘယ် သို့အရေးယူဆောင်ရွက်ကြပါမည်နည်း'' ဟု မေး၏။
8. လူအပေါင်းတို့သည်တစ်ပြိုင်နက်ထ၍``ငါ တို့သည်တစ်ယောက်မျှမကျန် မိမိ၏တဲရှင် သို့မဟုတ်အိမ်သို့မပြန်ကြတော့ပြီ။-
15-16. သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
22-23. ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။-
27-28. ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။