သူ​ကြီး 20:1-3 Common Language Bible (BCL)

1. မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-

2. စု​ရုံး​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​တွင် ဣ​သ​ရေ​လ​အ​နွယ် အ​ပေါင်း​တို့​၏​ခေါင်း​ဆောင်​များ​ပါ​ဝင် ကြ​၏။ မိ​ဇ​ပါ​မြို့​၌​ခြေ​လျင်​တပ်​သား ပေါင်း​လေး​သိန်း​မျှ​စု​ရုံး​လျက်​ရှိ​သ​တည်း။-

3. ဤ​အ​တော​အ​တွင်း​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​ဇ​ပါ​မြို့​၌ အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​လျက်​ရှိ ကြောင်း​ကို​ကြား​သိ​ကြ​လေ​သည်။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ဤ​ရာ​ဇ​ဝတ် မှု​ကို​အ​ဘယ်​သို့​ကူး​လွန်​ပါ​သ​နည်း။ ငါ တို့​အား​ပြော​ပြ​ပါ​လော့'' ဟု​မေး​ကြ​လျှင်၊-

15-16. သူ​တို့​သည်​ထို​နေ့​၌​မိ​မိ​တို့​မြို့​များ​မှ​စစ် သား​နှစ်​သောင်း​ခြောက်​ထောင်​ကို​ခေါ်​ထုတ်​ခဲ့ ကြ​၏။ ထို​မှ​တစ်​ပါး​ဂိ​ဗာ​မြို့​သား​တို့​သည် လက်​ရွေး​စင်​ဘယ်​သန်​လူ​ခု​နစ်​ရာ​ကို​လည်း စု​ရုံး​ပေး​ကြ​၏။ ထို​လက်​ရွေး​စင်​တို့​သည် ဆံ​ချည်​တစ်​ပင်​ကို​လောက်​လွှဲ​နှင့်​မ​လွဲ အောင်​ပစ်​နိုင်​သူ​များ​ဖြစ်​ကြ​၏။-

22-23. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုး ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင် အောင်​ငို​ကြွေး​ကြ​၏။ သူ​တို့​က​ကိုယ်​တော် အား``အ​ကျွန်ုပ်​တို့​၏​ညီ​ဖြစ်​သော​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​အား တစ်​ဖန်​စစ်​တိုက်​ရ​ပါ မည်​လော'' ဟု​မေး​လျှောက်​ကြ​ပြန်​၏။ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​အား တက်​၍​လာ​ပြီး​လျှင် တပ်​သား​များ​အား​ယ​မန် နေ့​က​အ​တိုင်း​နေ​ရာ​ယူ​စေ​ပြန်​၏။-

27-28. ထို​ကာ​လ​၌​ဗေ​သ​လ​မြို့​တွင်​ဘု​ရား​သ​ခင် ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တည်​ရှိ​သ​တည်း။ ထို သေတ္တာ​တော်​ကို​အာ​ရုန်​၏​မြေး၊ ဧ​လိ​ဇာ​၏​သား၊ ဖိ​န​ဟတ်​က​တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​၏။ လူ တို့​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​ညီ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား ယ​ခု​တစ်​ဖန်​သွား​ရောက်​တိုက်​ခိုက်​ရ​ပါ မည်​လော။ မ​တိုက်​ခိုက်​ဘဲ​နေ​ရ​ပါ​မည် လော'' ဟု​မေး​လျှောက်​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​က``တိုက်​ခိုက်​လော့။ နက်​ဖြန် နေ့​၌​ငါ​သည်​သင်​တို့​အား​ထို​သူ​တို့​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။

သူ​ကြီး 20