8. ထာဝရဘုရား၏အစေခံ၊ နုန်၏သား ယောရှုသည်အသက်တစ်ရာ့တစ်ဆယ်ရှိ သော်ကွယ်လွန်လေသည်။-
9. သူ၏အလောင်းကိုဂါရှာကုန်းမြောက်ဘက်၊ ဧဖရိမ်တောင်ကုန်းဒေသရှိတိမနတ်ဿေရ မြို့၊ သူပိုင်မြေတွင်သင်္ဂြိုဟ်ကြ၏။-
10. ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။
11. ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-