16. ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။-
17. သို့ရာတွင်ဣသရေလအမျိုးသားတို့ကမူ ထိုခေါင်းဆောင်တို့၏စကားကိုနားမထောင် ကြ။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား သစ္စာဖောက်၍အခြားဘုရားများ ကိုကိုးကွယ်ကြ၏။ သူတို့သည်ထာဝရဘုရား ၏ပညတ်တော်တို့ကိုဘိုးဘေးများစောင့်ထိန်း ခဲ့ကြသကဲ့သို့မစောင့်ထိန်းကြတော့ပေ။-
18. ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
19. သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
20. ထိုအခါထာဝရဘုရားသည်ဣသရေလ လူမျိုးအား လွန်စွာအမျက်ထွက်တော်မူ၍``ဤ လူမျိုးသည်ငါ့စကားကိုနားမထောင်။ စောင့် ထိန်းရန်အတွက်သူတို့၏ဘိုးဘေးများအား ငါပေးအပ်ခဲ့သည့်ပဋိညာဉ်ကိုချိုးဖောက် ကြ၏။-
21. ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။-