4. သူ့အားလည်းဆက်လက်နေထိုင်ရန်တိုက် တွန်း၏။ ထို့ကြောင့်သူသည်ယောက္ခမအိမ်တွင် သုံးရက်မျှနေထိုင်လေသည်။ သမက်သည် ထိုအိမ်၌စားသောက်တည်းခိုပြီးနောက်၊-
5. စတုတ္ထနေ့နံနက်၌စောစောထ၍ခရီးထွက် ရန်ပြင်ဆင်သောအခါ ယောက္ခမက``စားစရာ ကိုဦးစွာသုံးဆောင်၍အားဖြည့်ပြီးမှခရီး ထွက်ပါ'' ဟုပြော၏။
6. သို့ဖြစ်၍ယောက္ခမနှင့်သမက်တို့သည်အတူ ထိုင်၍စားသောက်ကြ၏။ ထိုနောက်ယောက္ခမ က``ယနေ့လည်းအိပ်ပါဦးပျော်မွေ့စွာနေ ပါဦး'' ဟုဆို၏။
7. လေဝိအမျိုးသားသည်ထ၍ခရီးသွားရန် ပြင်ဆင်သော်လည်း ယောက္ခမဖြစ်သူကဆက် လက်နေထိုင်ရန်တိုက်တွန်းသဖြင့် ထိုညတွင် လည်းထိုအိမ်၌အိပ်လေသည်။-
8. ငါးရက်မြောက်သောနေ့နံနက်စောစော၌သူ သည် ခရီးသွားရန်ထသောအခါယောက္ခမ က``ကျေးဇူးပြု၍အစာစားပါဦး။ နေမြင့် သည်တိုင်အောင်စောင့်ပါဦး'' ဟုဆိုသဖြင့် ယောက္ခမနှင့်သမက်တို့သည်အတူတကွ စားကြ၏။
9. သူသည်မိမိ၏မယားငယ်နှင့်အစေခံကို ခေါ်၍ ထွက်ခွာမည်ပြုသောအခါယောက္ခမ က``ကြည့်ပါညနေချမ်းအချိန်သို့ရောက် လေပြီ။ မကြာမီပင်မှောင်လာတော့အံ့။ ဤ အရပ်၌ပင်တစ်ညအိပ်၍ပျော်မွေ့စွာနေ ပါလော့။ နက်ဖြန်နံနက်စောစောထ၍ပြန် ပါလော့'' ဟုဆိုလေသည်။
14. သို့ဖြစ်၍သူတို့သည်ယေဗုတ်မြို့ကိုကျော် ဖြတ်၍ဆက်လက်ခရီးပြုရာ ဗင်္ယာမိန်အနွယ် ဝင်တို့၏နယ်မြေရှိဂိဗာမြို့သို့ရောက်ကြ၏။ ထိုအခါ၌နေဝင်လျက်နေလေပြီ။-