15. ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။
16. ယင်းသို့သူတို့ထိုင်နေကြစဉ်အဖိုးအို တစ်ယောက်သည် ညဥ့်ဦးယံ၌လယ်လုပ်ရာမှ ပြန်လာလေသည်။ သူသည်ယခုအခါ၌ ဂိဗာမြို့တွင်နေထိုင်လျက်ရှိသော်လည်း အစကမူဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်ခဲ့သူဖြစ်၏။ (ထိုမြို့ရှိအခြား သူတို့မှာဗင်္ယာမိန်အနွယ်ဝင်များဖြစ် သတည်း။-)
17. အဖိုးအိုသည်မြို့တံခါးအနီးကွက်လပ် ရှိခရီးသည်ကိုမြင်သောအခါ``သင်အဘယ် မှလာသနည်း။ အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေး၏။
18. လေဝိအမျိုးသားကလည်း``ကျွန်ုပ်တို့သည် ယုဒပြည်ဗက်လင်မြို့သို့သွားရောက်ခဲ့ပြီး နောက် ကျွန်ုပ်တို့၏နေအိမ်ရှိရာဧဖရိမ် တောင်ကုန်းဒေသအစွန်းအဖျားသို့ပြန် ရန်ခရီးသွားနေကြပါ၏။ ကျွန်ုပ်တို့အား ဤညအတွက်တည်းခိုရန်ဖိတ်ခေါ်သူ မရှိပါ။-
19. ကျွန်ုပ်တို့တွင်မိမိတို့မြည်းများအတွက် ကောက်ရိုး၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏မယားနှင့် အစေခံအတွက် အစားအစာနှင့်စပျစ် ရည်ရှိပါ၏။ အကျွန်ုပ်တို့မှာတစ်စုံတစ်ခု မျှမလိုပါ'' ဟုပြန်ပြောလေသည်။
20. အဖိုးအိုက``သင်သည်ငါ၏အိမ်တွင်တည်း ခိုနိုင်ပါသည်။ သင့်အားငါကြည့်ရှုပြုစု အံ့။ ဤည၌ကွက်လပ်တွင်သင်တို့အိပ် စက်ရန်မလိုပါ'' ဟုဆို၏။-
21. သို့ဖြစ်၍သူသည်ထိုသူတို့ကိုမိမိ၏အိမ် သို့ခေါ်ဆောင်ပြီးလျှင် သူတို့၏မြည်းများ ကိုအစာကျွေး၏။ သူ၏ဧည့်သည်တို့သည် လည်းခြေဆေးပြီးလျှင်အစားအစာသုံး ဆောင်ကြလေသည်။
22. ယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။
23. သို့ရာတွင်အဖိုးအိုသည်အိမ်ပြင်သို့ထွက် ၍``မိတ်ဆွေတို့၊ ကျေးဇူးပြု၍ဤသို့ဆိုးညစ် ဟော့ရမ်းသည့်အမှုကိုမပြုကြပါနှင့်။ ဤ သူသည်ငါ၏ဧည့်သည်ဖြစ်ပါသည်။-
24. ဤမှာသူ၏မယားငယ်နှင့်ငါ့ကိုယ်ပိုင်သမီး အပျိုစင်ရှိပါ၏။ သူတို့အားယခုငါထုတ် ပေးပါမည်။ သင်တို့အလိုရှိသလိုပြုကျင့် ကြပါ။ သို့ရာတွင်ငါ၏ဧည့်သည်ကိုမူဤ မျှဆိုးသွမ်းသည့်အမှုကိုမပြုကြပါနှင့်'' ဟုတောင်းပန်၏။-
25. သို့ရာတွင်ထိုသူတို့သည်သူ၏စကားကို နားမထောင်သောကြောင့် လေဝိအမျိုးသား သည်မိမိ၏မယားငယ်ကိုထုတ်၍ သူတို့ အားအပ်လိုက်သဖြင့်သူတို့သည်ထိုအမျိုး သမီးအား တစ်ညလုံးရက်စက်ကြမ်းကြုတ် စွာပြုပြီးနောက်မိုးသောက်မှလွှတ်လိုက် ကြ၏။
26. အရုဏ်တက်ချိန်၌အမျိုးသမီးသည်လာ၍ မိမိ၏ခင်ပွန်းရှိရာအဖိုးအို၏အိမ်တံခါးဝ ၌လဲကျသွားတော့၏။ သူသည်မိုးလင်းချိန်၌ လည်းထိုနေရာတွင်ပင်ရှိနေသေး၏။-
27. ထိုနေ့နံနက်၌သူ၏ခင်ပွန်းသည်ခရီးပြုရန် ထ၍တံခါးကိုဖွင့်လိုက်သောအခါ မိမိ၏ မယားငယ်သည်တံခါးခုံကိုလက်တင်၍အိမ် ရှေ့တွင်လဲလျက်နေသည်ကိုတွေ့ရှိရလေသည်။-
28. သူက``ထလော့၊ ငါတို့သွားကြစို့'' ဟုဆိုသော် လည်းမည်သည့်အဖြေကိုမျှမရချေ။ သို့ ဖြစ်၍သူသည်သူငယ်မ၏ရုပ်အလောင်း ကိုမြည်းပေါ်တွင်တင်၍အိမ်သို့ပြန်လေ၏။-
29. အိမ်သို့ရောက်သောအခါအိမ်ထဲသို့ဝင်ပြီး လျှင်ဋ္ဌားတစ်လက်ကိုယူ၍ မယားငယ်၏ ရုပ်အလောင်းကိုတစ်ဆယ့်နှစ်ပိုင်းဖြတ်၏။ ထို နောက်ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ထံ သို့တစ်ပိုင်းစီပေးပို့လိုက်လေသည်။-
30. ထိုအခြင်းအရာကိုတွေ့မြင်ရသူမှန်သမျှ တို့က``ဤအမှုမျိုးကိုငါတို့အဘယ်အခါ ၌မျှမတွေ့မမြင်ခဲ့ဘူးပါ။ အီဂျစ်ပြည်မှ ဣသရေလအမျိုးသားတို့ထွက်ခွာလာချိန် မှစ၍ ယနေ့တိုင်အောင်ဤသို့မဖြစ်မပျက် ခဲ့ဘူးပါ။ ထို့ကြောင့်ငါတို့သည်ဤအမှုနှင့် ပတ်သက်၍တစ်ခုခုပြုကြရမည်။ အဘယ် သို့ပြုကြရပါမည်နည်း'' ဟုဆိုကြ၏။