14. သို့ဖြစ်၍သူတို့သည်ယေဗုတ်မြို့ကိုကျော် ဖြတ်၍ဆက်လက်ခရီးပြုရာ ဗင်္ယာမိန်အနွယ် ဝင်တို့၏နယ်မြေရှိဂိဗာမြို့သို့ရောက်ကြ၏။ ထိုအခါ၌နေဝင်လျက်နေလေပြီ။-
15. ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။
16. ယင်းသို့သူတို့ထိုင်နေကြစဉ်အဖိုးအို တစ်ယောက်သည် ညဥ့်ဦးယံ၌လယ်လုပ်ရာမှ ပြန်လာလေသည်။ သူသည်ယခုအခါ၌ ဂိဗာမြို့တွင်နေထိုင်လျက်ရှိသော်လည်း အစကမူဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်ခဲ့သူဖြစ်၏။ (ထိုမြို့ရှိအခြား သူတို့မှာဗင်္ယာမိန်အနွယ်ဝင်များဖြစ် သတည်း။-)