1. ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။-
2. သို့ရာတွင်ထိုသူငယ်မသည်ခင်ပွန်းနှင့် စိတ်ဆိုးသဖြင့် ဗက်လင်မြို့ရှိသူ့ဖခင်၏ အိမ်သို့ပြန်ပြီးလျှင်ထိုအိမ်တွင်လေးလ မျှနေလေသည်။-
3. ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-
4. သူ့အားလည်းဆက်လက်နေထိုင်ရန်တိုက် တွန်း၏။ ထို့ကြောင့်သူသည်ယောက္ခမအိမ်တွင် သုံးရက်မျှနေထိုင်လေသည်။ သမက်သည် ထိုအိမ်၌စားသောက်တည်းခိုပြီးနောက်၊-
5. စတုတ္ထနေ့နံနက်၌စောစောထ၍ခရီးထွက် ရန်ပြင်ဆင်သောအခါ ယောက္ခမက``စားစရာ ကိုဦးစွာသုံးဆောင်၍အားဖြည့်ပြီးမှခရီး ထွက်ပါ'' ဟုပြော၏။
6. သို့ဖြစ်၍ယောက္ခမနှင့်သမက်တို့သည်အတူ ထိုင်၍စားသောက်ကြ၏။ ထိုနောက်ယောက္ခမ က``ယနေ့လည်းအိပ်ပါဦးပျော်မွေ့စွာနေ ပါဦး'' ဟုဆို၏။
10-11. သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
12-13. သို့ရာတွင်သူ၏သခင်က``ဣသရေလ အမျိုးသားမဟုတ်သူတို့၏မြို့တွင် ငါတို့ မရပ်မနားလို။ ရှေ့သို့အနည်းငယ်ဆက် ၍သွားပြီးလျှင် ဂိဗာမြို့၌အိပ်ကြကုန် အံ့'' ဟုဆိုလေသည်။-