သူ​ကြီး 19:1-4 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှင်​ဘု​ရင်​မ​ပေါ်​မ​ရှိ သေး​မီ​ကာ​လ​၌ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ အ​စွန်​အ​ဖျား​တွင်​နေ​ထိုင်​သော​လေ​ဝိ​အ​မျိုး သား​တစ်​ယောက်​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သူ​တစ်​ယောက်​ကို​အ​ပျော်​မ​ယား​အ​ဖြစ် သိမ်း​ယူ​၏။-

2. သို့​ရာ​တွင်​ထို​သူ​ငယ်​မ​သည်​ခင်​ပွန်း​နှင့် စိတ်​ဆိုး​သ​ဖြင့် ဗက်​လင်​မြို့​ရှိ​သူ့​ဖခင်​၏ အိမ်​သို့​ပြန်​ပြီး​လျှင်​ထို​အိမ်​တွင်​လေး​လ မျှ​နေ​လေ​သည်။-

3. ထို​အ​ခါ​လင်​ဖြစ်​သူ​သည်​သူ့​အား​ချော့​မော့​၍ မိ​မိ​ထံ​ပြန်​လာ​ရန်​ကြိုး​စား​မည်​ဟု​ဆုံး​ဖြတ် ကာ မိ​မိ​နှင့်​အ​တူ​မြည်း​နှစ်​ကောင်​နှင့်​အ​စေ​ခံ ကို​ပါ​ခေါ်​၍​သွား​၏။ သူ​ငယ်​မ​သည်​လေဝိ အ​မျိုး​သား​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖိတ်​ခေါ် လိုက်​ရာ​ဖ​ခင်​ဖြစ်​သူ​သည် သူ့​ကို​မြင်​လျှင် ဝမ်း​မြောက်​စွာ​ကြို​ဆို​လက်​ခံ​လေ​သည်။-

4. သူ့​အား​လည်း​ဆက်​လက်​နေ​ထိုင်​ရန်​တိုက် တွန်း​၏။ ထို့​ကြောင့်​သူ​သည်​ယောက္ခ​မ​အိမ်​တွင် သုံး​ရက်​မျှ​နေ​ထိုင်​လေ​သည်။ သ​မက်​သည် ထို​အိမ်​၌​စား​သောက်​တည်း​ခို​ပြီး​နောက်၊-

10-11. သို့​ရာ​တွင်​လေဝိ​အ​မျိုး​သား​သည်​နောက်​တစ် ည​မ​နေ​လို​တော့​သ​ဖြင့် ကုန်း​နှီး​တင်​ထား သည့်​မြည်း​နှစ်​စီး​ပါ​လျက် မိ​မိ​မ​ယား​ငယ် နှင့်​အ​တူ​စ​တင်​ခ​ရီး​ထွက်​လေ​၏။ သူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော​ယေ​ဗုတ် မြို့​သို့​ရောက်​သော​အ​ခါ နေ့​အ​ချိန်​ကုန်​လွန် ခါ​နီး​လေ​ပြီ။ ထို့​ကြောင့်​အ​စေ​ခံ​က​မိ​မိ ၏​သ​ခင်​အား``ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​မြို့​၌​ပင်​အ​ကျွန်ုပ်​တို့​အိပ်​ကြ ရ​အောင်'' ဟု​ပြော​၏။

12-13. သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။-

သူ​ကြီး 19