သူ​ကြီး 18:18-27-28 Common Language Bible (BCL)

18. မိက္ခာ​၏​အိမ်​သို့​ထို​သူ​တို့​ဝင်​၍​ရုပ်​တု​များ နှင့် သင်​တိုင်း​တော်​တို့​ကို​ယူ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​က​သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။

19. သူ​တို့​က​လည်း``ဆိတ်​ဆိတ်​နေ​လော့။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​နှင့်။ သင်​သည်​ငါ​တို့​နှင့် အ​တူ​လိုက်​၍​ငါ​တို့​အား​အ​ကြံ​ပေး​သူ အ​ဖြစ်​ဆောင်​ရွက်​ပါ​လော့။ လူ​တစ်​ယောက် ၏​အိမ်​ထောင်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​ပြု ရ​ခြင်း​ထက် ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တစ် ခု​လုံး​အ​တွက်​ပြု​ရ​ခြင်း​က​သင့်​အ​ဖို့ ပို​၍​ကောင်း​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​ကြ​၏။-

20. ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​လွန်​စွာ ဝမ်း​မြောက်​သ​ဖြင့် ရုပ်​တု​များ​နှင့်​သင်​တိုင်း တော်​တို့​ကို​ယူ​၍​ထို​လူ​စု​နှင့်​အ​တူ လိုက်​သွား​လေ​သည်။

21. သူ​တို့​သည်​ပြန်​လှည့်​ပြီး​လျှင်​ထွက်​ခွာ သွား​ကြ​၏။ မိ​မိ​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ဝန်​စည်​စ​လယ်​များ​ကို ရှေ့​မှ​အ​လျင်​သွား​နှင့်​စေ​ကြ​၏။-

22. ထို​သူ​တို့​အ​တန်​ငယ်​ခ​ရီး​ရောက်​သော​အ​ခါ မိက္ခာ​သည် မိ​မိ​၏​အိမ်​နီး​ချင်း​တို့​တိုက်​ပွဲ​ဝင် ရန်​စု​ရုံး​လေ​သည်။ သူ​တို့​သည်​ဒန်​အ​မျိုး သား​တို့​အား​လိုက်​၍​မီ​သော​အ​ခါ၊-

23. ဟစ်​ခေါ်​ကြ​၏။ သူ​တို့​သည်​လည်း​လှည့်​၍​ကြည့် ပြီး​လျှင် မိက္ခာ​အား``သင်​တို့​တွင်​အ​ဘယ်​အ​ရေး အ​ခင်း​ရှိ​သ​နည်း။ ဤ​လူ​ထု​နှင့်​အဘယ်​ကြောင့် လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။

24. မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။

25. ဒန်​အ​မျိုး​သား​တို့​က``ဤ​သူ​တို့​သည်​အ​မျက် ထွက်​၍ သင်​တို့​အား​မ​တိုက်​ခိုက်​စေ​လို​လျှင် နောက်​ထပ်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ပါ​နှင့်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​တစ်​ခု​လုံး​သေ သွား​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-

26. ထို​နောက်​သူ​တို့​သည်​ခ​ရီး​ဆက်​ကြ​၏။ မိက္ခာ သည်​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ သည်​ကို သိ​သ​ဖြင့်​လှည့်​၍​အိမ်​သို့​ပြန်​လေ​၏။

27-28. ဒန်​အ​မျိုး​သား​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့် တ​ကွ​မိက္ခာ​ပြု​လုပ်​ထား​သည့်​ရုပ်​တု​များ​ကို ယူ​ပြီး​နောက် အေး​ဆေး​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ကြ​သူ​တို့​၏​လဲ​ရှ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​ကြ​၏။ ထို​မြို့​သည်​ဗက်​ရ​ဟော​ဘ​မြို့ တည်​ရှိ​ရာ​ချိုင့်​ဝှမ်း​၌​ပင်​တည်​ရှိ​သည်။ သူ တို့​သည်​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏။ သူ​တို့​အား​ကယ်​ဆယ်​သည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ချေ။ အ​ဘယ် ကြောင့်​ဆို​သော်​လဲ​ရှ​မြို့​သည်​ဇိ​ဒုန်​မြို့​နှင့် အ​လွန်​ခ​ရီး​လှမ်း​သည့်​ပြင် လဲ​ရှ​မြို့​သား တို့​သည်​အ​ခြား​လူ​တို့​နှင့်​ဆက်​သွယ်​မှု လုံး​ဝ​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဒန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ကို​ပြန်​လည်​တည် ထောင်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ လေ​သည်။-

သူ​ကြီး 18