13. သူတို့သည်ထိုအရပ်မှဆက်လက်၍ခရီး ပြုကြရာ ဧဖရိမ်တောင်ကုန်းဒေသရှိမိက္ခာ ၏အိမ်သို့ရောက်ကြ၏။
14. ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
15. သို့ဖြစ်၍သူတို့သည်လေဝိလူငယ်နေထိုင် ရာ မိက္ခာ၏အိမ်သို့သွား၍သူ့အားနှုတ်ခွန်း ဆက်ကြ၏။-
16. တိုက်ခိုက်ရန်အသင့်ရှိသောဒန်အနွယ်ဝင် စစ်သည် ခြောက်ရာတို့သည်ဝင်းတံခါးဝ တွင်စောင့်ဆိုင်းနေကြ၏။-
17. ထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။
18. မိက္ခာ၏အိမ်သို့ထိုသူတို့ဝင်၍ရုပ်တုများ နှင့် သင်တိုင်းတော်တို့ကိုယူကြသောအခါ ယဇ်ပုရောဟိတ်ကသူတို့အား``သင်တို့သည် အဘယ်သို့ပြုကြပါသနည်း'' ဟုမေး၏။
19. သူတို့ကလည်း``ဆိတ်ဆိတ်နေလော့။ စကား တစ်ခွန်းမျှမပြောနှင့်။ သင်သည်ငါတို့နှင့် အတူလိုက်၍ငါတို့အားအကြံပေးသူ အဖြစ်ဆောင်ရွက်ပါလော့။ လူတစ်ယောက် ၏အိမ်ထောင်အတွက်ယဇ်ပုရောဟိတ်ပြု ရခြင်းထက် ဣသရေလအနွယ်ဝင်တစ် ခုလုံးအတွက်ပြုရခြင်းကသင့်အဖို့ ပို၍ကောင်းမည်မဟုတ်ပါလော'' ဟု ပြောကြ၏။-
20. ထိုအခါယဇ်ပုရောဟိတ်သည်လွန်စွာ ဝမ်းမြောက်သဖြင့် ရုပ်တုများနှင့်သင်တိုင်း တော်တို့ကိုယူ၍ထိုလူစုနှင့်အတူ လိုက်သွားလေသည်။
21. သူတို့သည်ပြန်လှည့်ပြီးလျှင်ထွက်ခွာ သွားကြ၏။ မိမိတို့၏သားသမီးများ၊ တိရစ္ဆာန်များနှင့်ဝန်စည်စလယ်များကို ရှေ့မှအလျင်သွားနှင့်စေကြ၏။-
22. ထိုသူတို့အတန်ငယ်ခရီးရောက်သောအခါ မိက္ခာသည် မိမိ၏အိမ်နီးချင်းတို့တိုက်ပွဲဝင် ရန်စုရုံးလေသည်။ သူတို့သည်ဒန်အမျိုး သားတို့အားလိုက်၍မီသောအခါ၊-
23. ဟစ်ခေါ်ကြ၏။ သူတို့သည်လည်းလှည့်၍ကြည့် ပြီးလျှင် မိက္ခာအား``သင်တို့တွင်အဘယ်အရေး အခင်းရှိသနည်း။ ဤလူထုနှင့်အဘယ်ကြောင့် လိုက်လာကြသနည်း'' ဟုမေး၏။
24. မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
25. ဒန်အမျိုးသားတို့က``ဤသူတို့သည်အမျက် ထွက်၍ သင်တို့အားမတိုက်ခိုက်စေလိုလျှင် နောက်ထပ်စကားတစ်ခွန်းမျှမပြောပါနှင့်။ သင်နှင့်သင်၏အိမ်ထောင်စုတစ်ခုလုံးသေ သွားလိမ့်မည်'' ဟုဆိုကြ၏။-
26. ထိုနောက်သူတို့သည်ခရီးဆက်ကြ၏။ မိက္ခာ သည်သူတို့အားခုခံတိုက်ခိုက်နိုင်စွမ်းမရှိ သည်ကို သိသဖြင့်လှည့်၍အိမ်သို့ပြန်လေ၏။
27-28. ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-