သူ​ကြီး 18:1-2 Common Language Bible (BCL)

1. ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘုရင် မ​ရှိ​သေး​ချေ။ ဒန်​အ​နွယ်​ဝင်​တို့​တွင်​လည်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ကဲ့ သို့ ကိုယ်​ပိုင်​နယ်​မြေ​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြ​သေး​ပေ။ သို့​ဖြစ်​၍​မိ​မိ​တို့​သိမ်း​ယူ​၍ အ​တည်​တ​ကျ​နေ​ထိုင်​ရန်​နယ်​မြေ​ကို ရှာ​ဖွေ​လျက်​နေ​ကြ​၏။-

2. ဒန်​အ​မျိုး​သား​တို့​သည်​နယ်​မြေ​ကို​စူး​စမ်း ရှာ​ဖွေ​ရန် မိ​မိ​တို့​အ​နွယ်​ဝင်​အိမ်​ထောင်​စု အ​ပေါင်း​မှ အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ငါး ယောက်​ကို​ရွေး​ချယ်​၍​ဇော​ရာ​မြို့​နှင့်​ဧ​ရှ တော​လ​မြို့​တို့​မှ​စေ​လွှတ်​လိုက်​ကြ​၏။ ထို သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ​ဖြစ်​သော ဧ​ဖ​ရိမ်​ပြည်​သို့​ရောက်​လာ​သော​အ​ခါ မိက္ခာ​၏​အိမ်​တွင်​တည်း​ခို​ကြ​၏။-

သူ​ကြီး 18