သူ​ကြီး 17:5-13 Common Language Bible (BCL)

5. ဤ​မိက္ခာ​ဆို​သူ​၌ မိ​မိ​ကိုယ်​ပိုင်​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တစ်​ခု​ရှိ​၏။ သူ​သည်​ရုပ်​တု များ​နှင့်​သင်​တိုင်း​တော်​တစ်​ခု​ကို​ပြု​လုပ် ပြီး​လျှင် မိ​မိ​သား​တစ်​ယောက်​အား​မိ​မိ ၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ခန့်​ထား လေ​သည်။-

6. ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘု​ရင် မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ​၏​စိတ် သ​ဘော​အ​တိုင်း​ပြု​လုပ်​လေ​သည်။

7. ထို​ကာ​လ​၌​ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင် နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​သည်၊-

8. အ​ခြား​တစ်​မြို့​တစ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင် ရန်​ဗက်​လင်​မြို့​မှ​ထွက်​ခွာ​လာ​စဉ် ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ​၏​အိမ်​သို့​ရောက် ရှိ​လာ​လေ​သည်။-

9. မိက္ခာ​က``သင်​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု​မေး​၏။ သူ​က``အ​ကျွန်ုပ်​သည်​ယု​ဒ​ပြည်​ဗက် လင်​မြို့​မှ​လေ​ဝိ​အ​မျိုး​သား​ဖြစ်​၍​နေ​ထိုင်​ရန် အ​ရပ်​ကို​ရှာ​နေ​သူ​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော လေ​သည်။

10. မိက္ခာ​က​လည်း``အ​ကျွန်ုပ်​နှင့်​အ​တူ​နေ​ပါ​လော့။ အ​ကျွန်ုပ်​အား​အ​ကြံ​ဉာဏ်​ပေး​သူ၊ အ​ကျွန်ုပ်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​နေ​ပါ​လော့။ သင့် အား​တစ်​နှစ်​လျှင်​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ဝတ်​စုံ ကို​လည်း​ကောင်း၊ အ​စား​အ​စာ​ကို​လည်း​ကောင်း အ​ကျွန်ုပ်​ထောက်​ပံ့​ပါ​မည်'' ဟု​ဆို​လေ​သော်၊-

11. လေ​ဝိ​လူ​ငယ်​သည်​မိက္ခာ​နှင့်​အ​တူ​နေ​ထိုင် ရန်​သ​ဘော​တူ​လိုက်​၏။ သူ​သည်​မိက္ခာ​၏​သား သ​ဖွယ်​အ​တူ​နေ​ထိုင်​လေ​သည်။

12. မိက္ခာ​သည်​သူ့​အား​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဖြင့်​ခန့်​ထား​သ​ဖြင့် သူ​သည်​မိက္ခာ​၏​အိမ်​၌​နေ​ထိုင် လေ​သည်။-

13. မိက္ခာ​က​လည်း``ယ​ခု​ငါ​သည်​လေဝိ​အ​မျိုး​သား တစ်​ဦး​အား မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ရ​ရှိ​ထား​လေ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​အ​စ​စ​အ​ရာ​ရာ​၌ ငါ့​အား​တိုး​တက် အောင်​မြင်​စေ​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

သူ​ကြီး 17