3. သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-
4. သားဖြစ်သူသည်လည်းထိုငွေကိုမယူဘဲ အမိအားပြန်၍ပေးလေသည်။ ထိုအခါ မိခင်သည်ငွေနှစ်ပိဿာကိုယူ၍ပန်းထိမ် အားပေးအပ်ကာ သစ်သားရုပ်တုတစ်ခု ထုလုပ်စေပြီးလျှင်ငွေဖြင့်မွမ်းမံစေ၏။ ထိုရုပ်တုကိုမိက္ခာ၏အိမ်တွင်ထားရှိ သတည်း။
5. ဤမိက္ခာဆိုသူ၌ မိမိကိုယ်ပိုင်ဝတ်ပြုကိုး ကွယ်ရာဌာနတစ်ခုရှိ၏။ သူသည်ရုပ်တု များနှင့်သင်တိုင်းတော်တစ်ခုကိုပြုလုပ် ပြီးလျှင် မိမိသားတစ်ယောက်အားမိမိ ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ခန့်ထား လေသည်။-
6. ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။
7. ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
8. အခြားတစ်မြို့တစ်ရွာသို့သွားရောက်နေထိုင် ရန်ဗက်လင်မြို့မှထွက်ခွာလာစဉ် ဧဖရိမ် တောင်ကုန်းဒေသရှိမိက္ခာ၏အိမ်သို့ရောက် ရှိလာလေသည်။-