9. သူမသည်အခြားအခန်းတစ်ခုထဲ၌လူ အချို့ကိုစောင့်၍နေစေပြီးလျှင်``ရှံဆုန်၊ ဖိလိတ္တိ အမျိုးသားတို့လာနေကြပြီ'' ဟုဟစ်အော်၏။ သို့ရာတွင်ရှံဆုန်သည်ထိုလေးကြိုးတို့ကိုမီး ထိသည့်ချည်မျှင်သဖွယ်ဖြတ်တောက်ပစ်လိုက် လေသည်။ သို့ဖြစ်၍သူတို့သည်သူခွန်အား ကြီးရခြင်း၏လျှို့ဝှက်ချက်ကိုမသိနိုင် ကြသေးပေ။
10. ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မ အားမှန်ရာကိုမပြောဘဲအရူးလုပ်လေ ပြီ။ သင့်အားအဘယ်သို့ချည်နှောင်ထားနိုင် မည်ကိုကျွန်မအားကျေးဇူးပြု၍ပြောပြ ပါ'' ဟုဖြားယောင်းပြောဆို၏။
11. သူကလည်း``ငါ့အားတစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသည့်ကြိုးသစ်များဖြင့် ချည်နှောင်မည်ဆိုလျှင် ငါသည်အခြားသူ များကဲ့သို့ပင်အားလျော့ပေအံ့'' ဟုပြန် ပြော၏။
12. သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။
13. ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။