သူ​ကြီး 16:23-31 Common Language Bible (BCL)

23. ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။-

24-25. သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။-

26. ရှံ​ဆုန်​သည်​မိ​မိ​အား​လက်​ဆွဲ​၍​ခေါ်​ယူ​လာ သော​သူ​ငယ်​အား``မဏ္ဍပ်​တိုင်​မ​ကြီး​တို့​ကို​ငါ့ အား​ကိုင်​ခွင့်​ပြု​ပါ။ ယင်း​တို့​ကို​ငါ​မှီ​၍​နေ လို​ပါ​သည်'' ဟု​ပြော​၏။-

27. ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။

28. ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။-

29. ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊-

30. ``အ​ကျွန်ုပ်​အား​ဖိ​လိတ္တိ​လူ​တို့​နှင့်​အ​တူ​သေ​ခွင့် ပြု​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ သူ​သည်​အ​စွမ်း​ကုန် တွန်း​လိုက်​ရာ​မဏ္ဍပ်​သည် ဘု​ရင်​ငါး​ပါး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​လူ​တို့​အ​ပေါ်​သို့​ပြို​ကျ​လေ​သည်။ ရှံ​ဆုန်​သည်​သေ​ဆဲ​အ​ချိန်​၌​သတ်​ခဲ့​သည့်​လူ ဦး​ရေ​မှာ​အ​သက်​ရှင်​စဉ်​အ​ခါ​က​သတ်​ခဲ့ သည့်​လူ​ဦး​ရေ​ထက်​ပို​၍​များ​ပြား​၏။

31. ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။

သူ​ကြီး 16