10. ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မ အားမှန်ရာကိုမပြောဘဲအရူးလုပ်လေ ပြီ။ သင့်အားအဘယ်သို့ချည်နှောင်ထားနိုင် မည်ကိုကျွန်မအားကျေးဇူးပြု၍ပြောပြ ပါ'' ဟုဖြားယောင်းပြောဆို၏။
11. သူကလည်း``ငါ့အားတစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသည့်ကြိုးသစ်များဖြင့် ချည်နှောင်မည်ဆိုလျှင် ငါသည်အခြားသူ များကဲ့သို့ပင်အားလျော့ပေအံ့'' ဟုပြန် ပြော၏။
12. သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။
13. ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။
14. ထိုအခါဒေလိလသည်သူ့အားချော့၍ သိပ်ပြီးလျှင် သူ၏ဆံပင်ခုနစ်စုကိုယူ၍ ရက်ကန်းစင်ထဲသို့ရက်သွင်းကာသပ်ရိုက် ထားလိုက်၏။ ထိုနောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုး သားတို့လာနေကြပြီ'' ဟုဟစ်အော်လေသည်။ သို့ရာတွင်ရှံဆုန်သည်နိုးထပြီးလျှင် မိမိ ၏ဆံပင်ကိုယက်ကန်းစင်မှဆွဲထုတ်လိုက် ၏။
15. သို့ဖြစ်၍ဒေလိလကသူအား``သင်သည် ကျွန်မကိုတကယ်မချစ်ဘဲနှင့်ချစ်ပါသည် ဟု အဘယ်သို့ပြောနိုင်ပါသနည်း။ ကျွန်မ အားသင်အရူးလုပ်ခဲ့သည်မှာသုံးကြိမ်တိုင် တိုင်ရှိလေပြီ။ သင်သည်ယခုတိုင်အောင်ပင် မိမိအဘယ်ကြောင့်သန်စွမ်းရကြောင်းကို ကျွန်မအားပြောမပြသေးပါတကား'' ဟုဆို၏။-
16-17. ဤသို့လျှင်သူသည်ဆက်လက်၍တစ်နေ့ပြီး တစ်နေ့မေးမြန်းလျက်နေရကား ရှံဆုန်သည် ဒေလိလ၏ပူဆာမှုကိုလွန်စွာငြီးငွေ့လာ ပြီးလျှင်နောက်ဆုံး၌``ငါ၏ဆံပင်သည်တစ် ကြိမ်တစ်ခါမျှမရိတ်မဖြတ်ရသေး။ ငါ သည်လည်းမွေးစကပင်လျှင်နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့် ဘုရားသခင်အားဆက်ကပ် ထားသူဖြစ်သည်။ အကယ်၍ငါ၏ဆံပင်ကို ရိတ်ဖြတ်လိုက်သည်ရှိသော်ငါသည်ခွန်အား ဆုတ်ယုတ်၍သူတစ်ပါးနည်းတူအားနည်း ပေအံ့'' ဟုအမှန်အတိုင်းထုတ်ဖော်ပြော ဆိုလိုက်တော့၏။
18. ယင်းသို့အမှန်အတိုင်းပြောဆိုသည်ကို ဒေလိလသိသောအခါ သူသည်ဖိလိတ္တိ ဘုရင်တို့ထံသို့လူလွှတ်၍``ဤတစ်ကြိမ် ပြန်လာခဲ့ကြပါ။ ကျွန်မသည်ရှံဆုန်ထံ မှမှန်ရာကိုသိရှိရပါပြီ'' ဟုပြောကြား လိုက်၏။ ထိုသူတို့သည်လည်းငွေများ ကိုယူ၍လာကြ၏။-
19. ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။-
20. သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။-
21. ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-
22. သို့ရာတွင်သူ၏ဆံပင်သည်ပြန်၍ရှည်စ ပြုလာလေသည်။
23. ဖိလိတ္တိဘုရင်တို့သည်မိမိတို့၏ဘုရားဒါဂုန် အား ယဇ်ပူဇော်ရန်နှင့်အောင်ပွဲခံရန်အတွက် စုဝေးကြ၏။ သူတို့က``ငါတို့၏ဘုရားသည် ငါတို့အားမိမိတို့ရန်သူရှံဆုန်၏အပေါ် ၌အောင်ပွဲခံစေတော်မူပြီ'' ဟုသီဆိုကြ၏။-
24-25. သူတို့သည်အလွန်ပျော်ရွှင်လျက်``ရှံဆုန်ကိုခေါ် ခဲ့ကြ။ သူ့အားငါတို့ကိုဖျော်ဖြေစေမည်'' ဟုဆို ကြ၏။ သူတို့သည်ရှံဆုန်ကိုထောင်ထဲမှခေါ်ဆောင် ၍ မိမိတို့အားဖျော်ဖြေစေ၏။ မဏ္ဍပ်တိုင်မကြီး အကြားတွင်ရပ်စေ၏။ လူတို့သည်သူ့ကိုမြင် လေလျှင်``ငါတို့၏ဘုရားသည်ငါတို့ပြည်ကို ယိုယွင်းပျက်စီးစေ၍ ငါတို့လူအမြောက် အမြားကိုသတ်ဖြတ်ခဲ့သောရန်သူ၏အပေါ် ၌ငါတို့အားအောင်ပွဲခံစေတော်မူပြီ'' ဟု မိမိတို့ဘုရား၏ဂုဏ်ကျေးဇူးကိုချီးမွမ်း၏။-
26. ရှံဆုန်သည်မိမိအားလက်ဆွဲ၍ခေါ်ယူလာ သောသူငယ်အား``မဏ္ဍပ်တိုင်မကြီးတို့ကိုငါ့ အားကိုင်ခွင့်ပြုပါ။ ယင်းတို့ကိုငါမှီ၍နေ လိုပါသည်'' ဟုပြော၏။-