သူ​ကြီး 16:1-8 Common Language Bible (BCL)

1. တစ်​နေ့​သ​၌​ရှံ​ဆုန်​သည် ဖိ​လိတ္တိ​အ​မျိုး​သား တို့​နေ​ထိုင်​ရာ​ဂါ​ဇ​မြို့​သို့​သွား​ရောက်​၏။ ထို မြို့​တွင်​ပြည့်​တန်​ဆာ​မ​တစ်​ဦး​ကို​တွေ့​၍​သူ နှင့်​အိပ်​စက်​လေ​သည်။-

2. ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-

3. သို့​ရာ​တွင်​ရှံ​ဆုန်​သည်​သန်း​ခေါင်​တိုင်​အောင် သာ​အိပ်​ပြီး​နောက်​ထ​၍​တံ​ခါး​ရွက်၊ တံ​ခါး တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တ​ကွ​မြို့​တံ​ခါး​ကို ဆွဲ​နုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဟေ​ဗြုန် မြို့​အ​နီး​တောင်​ထိပ်​ပေါ်​သို့​ယူ​ဆောင်​သွား လေ​သည်။

4. ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။-

5. ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။

6. သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။

7. ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။

8. သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။-

16-17. ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။

24-25. သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။-

သူ​ကြီး 16