9. ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-
10. ယုဒပြည်သူတို့က``သင်တို့သည်အဘယ် ကြောင့်ငါတို့အားတိုက်ခိုက်ကြပါသနည်း'' ဟုမေးလျှင်သူတို့က``ငါတို့သည်ရှံဆုန်ကို ဖမ်းဆီး၍ ငါတို့အားသူပြုသကဲ့သို့သူ့ အားပြုရန်လာရောက်ကြခြင်းဖြစ်သည်'' ဟုပြန်လည်ပြောကြားကြ၏။-
11. ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။
12. သူတို့သည်ရှံဆုန်အား``ငါတို့လာရောက်ကြ ခြင်းမှာသင့်ကိုချည်နှောင်၍ ထိုသူတို့၏လက် သို့အပ်နှံရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။ရှံဆုန်ကလည်း``သင်တို့ကိုယ်တိုင်ငါ့အား မသတ်ပါဟုကတိပြုပါလော့'' ဟုဆို၏။
13. ``ကောင်းပြီ။ ငါတို့သည်သင့်ကိုချည်နှောင်၍ ထိုသူတို့၏လက်သို့အပ်နှံပါအံ့။ သင့်အား ငါတို့သတ်မည်မဟုတ်ပါ'' ဟုကတိပြု ကြ၏။ ဤသို့လျှင်သူတို့သည်သူ့အားကြိုး သစ်နှစ်ချောင်းဖြင့်ချည်နှောင်ပြီးလျှင်ကျောက် ဆောင်မှပြန်လည်ခေါ်ဆောင်လာကြ၏။