သူ​ကြီး 15:12-20 Common Language Bible (BCL)

12. သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။

13. ``ကောင်း​ပြီ။ ငါ​တို့​သည်​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက်​သို့​အပ်​နှံ​ပါ​အံ့။ သင့်​အား ငါ​တို့​သတ်​မည်​မ​ဟုတ်​ပါ'' ဟု​က​တိ​ပြု ကြ​၏။ ဤ​သို့​လျှင်​သူ​တို့​သည်​သူ့​အား​ကြိုး သစ်​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ပြီး​လျှင်​ကျောက် ဆောင်​မှ​ပြန်​လည်​ခေါ်​ဆောင်​လာ​ကြ​၏။

14. လေ​ဟိ​အ​ရပ်​သို့​ရောက်​သော​အ​ခါ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အော်​ဟစ်​ကာ​ရှံ​ဆုန် ထံ​သို့​ပြေး​၍​လာ​ကြ​၏။ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​သည်​ရှံ​ဆုန်​အား​ရုတ်​တ​ရက် သန်​စွမ်း​လာ​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ ၏​လက်​များ​ကို​ချည်​နှောင်​ထား​သော​ကြိုး တို့​ကို​မီး​ကျွမ်း​သည့်​အပ်​ချည်​မျှင်​ပ​မာ ပြတ်​စေ​၏။-

15. ထို​နောက်​သူ​သည်​မ​ကြာ​မီ​က​သေ​သွား​သည့် မြည်း​တစ်​ကောင်​၏​မေး​ရိုး​တစ်​ချောင်း​ကို​တွေ့ ရှိ​သ​ဖြင့်​ကောက်​ယူ​ပြီး​လျှင် ထို​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​မျှ​ကို​တိုက်​ခိုက်​သတ်​ဖြတ်​ပစ် လိုက်​လေ​သည်။

16. သို့​ဖြစ်​၍​ရှံ​ဆုန်​က၊``မြည်း​မေး​ရိုး​ဖြင့်​လူ​တစ်​ထောင်​ကို​ငါ​သတ်​ပြီ။မြည်း​မေး​ရိုး​ဖြင့်​အ​လောင်း​တွေ​အ​ပုံ​ပုံ​ဖြစ်​စေ​ပြီ'' ဟူ​၍​သီ​ဆို​လေ​၏။

17. ထို​နောက်​သူ​သည်​မြည်း​မေး​ရိုး​ကို​လွှင့်​ပစ်​လိုက် သည်။ ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက်​သည့်​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​ဟူ​၍​ခေါ်​ဝေါ်​ကြ​သ​တည်း။

18. ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-

19. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဟိ​အ​ရပ် မြေ​ချိုင့်​တစ်​နေ​ရာ​တွင် စမ်း​ပေါက်​စေ​တော်​မူ သ​ဖြင့်​ရေ​ထွက်​လာ​၏။ ရှံ​ဆုန်​သည်​ထို​ရေ​ကို သောက်​ရ​၍​လန်း​ဆန်း​လာ​လေ​သည်။ သို့​ဖြစ် ၍​ထို​စမ်း​ပေါက်​ကို​အ​ဟက္ကော​ရ​ဟု​ခေါ်​ဝေါ် ၍​ယ​နေ့​တိုင်​အောင်​လေ​ဟိ​အ​ရပ်​၌​ရှိ​သ တည်း။-

20. ရှံ​ဆုန်​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ကြီး​စိုး​နေ​ချိန်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​ခေါင်း ဆောင်​ခဲ့​လေ​သည်။

သူ​ကြီး 15