10. ယုဒပြည်သူတို့က``သင်တို့သည်အဘယ် ကြောင့်ငါတို့အားတိုက်ခိုက်ကြပါသနည်း'' ဟုမေးလျှင်သူတို့က``ငါတို့သည်ရှံဆုန်ကို ဖမ်းဆီး၍ ငါတို့အားသူပြုသကဲ့သို့သူ့ အားပြုရန်လာရောက်ကြခြင်းဖြစ်သည်'' ဟုပြန်လည်ပြောကြားကြ၏။-
11. ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။
12. သူတို့သည်ရှံဆုန်အား``ငါတို့လာရောက်ကြ ခြင်းမှာသင့်ကိုချည်နှောင်၍ ထိုသူတို့၏လက် သို့အပ်နှံရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။ရှံဆုန်ကလည်း``သင်တို့ကိုယ်တိုင်ငါ့အား မသတ်ပါဟုကတိပြုပါလော့'' ဟုဆို၏။
13. ``ကောင်းပြီ။ ငါတို့သည်သင့်ကိုချည်နှောင်၍ ထိုသူတို့၏လက်သို့အပ်နှံပါအံ့။ သင့်အား ငါတို့သတ်မည်မဟုတ်ပါ'' ဟုကတိပြု ကြ၏။ ဤသို့လျှင်သူတို့သည်သူ့အားကြိုး သစ်နှစ်ချောင်းဖြင့်ချည်နှောင်ပြီးလျှင်ကျောက် ဆောင်မှပြန်လည်ခေါ်ဆောင်လာကြ၏။
14. လေဟိအရပ်သို့ရောက်သောအခါ ဖိလိတ္တိ အမျိုးသားတို့သည်အော်ဟစ်ကာရှံဆုန် ထံသို့ပြေး၍လာကြ၏။ ဘုရားသခင်၏ တန်ခိုးတော်သည်ရှံဆုန်အားရုတ်တရက် သန်စွမ်းလာစေတော်မူသဖြင့် သူသည်မိမိ ၏လက်များကိုချည်နှောင်ထားသောကြိုး တို့ကိုမီးကျွမ်းသည့်အပ်ချည်မျှင်ပမာ ပြတ်စေ၏။-
15. ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
16. သို့ဖြစ်၍ရှံဆုန်က၊``မြည်းမေးရိုးဖြင့်လူတစ်ထောင်ကိုငါသတ်ပြီ။မြည်းမေးရိုးဖြင့်အလောင်းတွေအပုံပုံဖြစ်စေပြီ'' ဟူ၍သီဆိုလေ၏။
17. ထိုနောက်သူသည်မြည်းမေးရိုးကိုလွှင့်ပစ်လိုက် သည်။ ဤအမှုအရာဖြစ်ပျက်သည့်အရပ်ကို ရာမတ်လေဟိဟူ၍ခေါ်ဝေါ်ကြသတည်း။
18. ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-
19. ထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။-
20. ရှံဆုန်သည်လည်းဖိလိတ္တိအမျိုးသားတို့ ကြီးစိုးနေချိန်၌ ဣသရေလအမျိုးသား တို့အားအနှစ်နှစ်ဆယ်တိုင်တိုင်ခေါင်း ဆောင်ခဲ့လေသည်။