1. ကာလအနည်းငယ်ကြာ၍ဂျုံစပါးများ ရိတ်သိမ်းချိန်ရောက်သောအခါ ရှံဆုန်သည် ဆိတ်ငယ်တစ်ကောင်ကိုယူ၍မိမိဇနီးထံသို့ အလည်သွားလေသည်။ သူသည်သူငယ်မ၏ ဖခင်အား``အကျွန်ုပ်သည်ဇနီး၏အိပ်ခန်းသို့ ဝင်လိုပါသည်'' ဟုပြော၏။သို့ရာတွင်ဖခင်ဖြစ်သူကဝင်ခွင့်မပေးချေ။-
2. သူသည်ရှံဆုန်အား``သင်သည်သင်၏ဇနီးအား မုန်းလေပြီဟုအကယ်ပင်ငါထင်မှတ်သဖြင့် သူ့အားသင်၏မိတ်ဆွေနှင့်ပေးစားလိုက်ပါ သည်။ သို့ရာတွင်သူ၏ညီမသည်သူ့ထက်ပင် ပို၍လှပါ၏။ သူ့အစားထိုသူငယ်မကို သင်ယူနိုင်ပါသည်'' ဟုဆိုလေသည်။
3. ရှံဆုန်ကလည်း``ဖိလိတ္တိအမျိုးသားတို့အား ဤတစ်ကြိမ်ငါပြုသည့်အမှုအတွက်ငါ ၌တာဝန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၍၊-
4. ထွက်သွားပြီးလျှင်မြေခွေးသုံးရာကိုဖမ်း ဆီး၍ နှစ်ကောင်တစ်တွဲအမြီးချင်းဆက်ကာ အမြီးထုံးကြားထဲတွင်မီးတုတ်ကိုချည် ၏။-
5. ထိုနောက်မီးတုတ်ကိုမီးညှိ၍ ဖိလိတ္တိလယ် များထဲသို့မြေခွေးတို့ကိုလွှတ်လိုက်လေ သည်။ ဤနည်းအားဖြင့်သူသည်ရိတ်သိမ်း ပြီးဂျုံစပါးတို့ကိုသာမကမရိတ်သိမ်း ရသေးသည့်ဂျုံပင်များကိုပါမီးသင့် လောင်ကျွမ်းသွားစေ၏။ သံလွင်ဥယျာဉ် တို့သည်လည်းမီးလောင်ကျွမ်းကုန်၏။-
6. ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။
7. ရှံဆုန်ကဖိလိတ္တိအမျိုးသားတို့အား``သင် တို့သည်ဤသို့ပြုကြသည်ဆိုလျှင် ငါသည် လည်းသင်တို့အားလက်စားမချေရမချင်း နားနေလိမ့်မည်မဟုတ်ကြောင်းငါကျိန်ဆို ၏'' ဟုဆို၍၊-
8. သူတို့အားပြင်းထန်စွာတိုက်ခိုက်လေ၏။ သူ သည်လူအမြောက်အမြားကိုသတ်ဖြတ်ပြီး နောက် ဧတံကျောက်ဆောင်အတွင်းရှိဂူ၌ သွားရောက်နေထိုင်လေသည်။
9. ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-
10. ယုဒပြည်သူတို့က``သင်တို့သည်အဘယ် ကြောင့်ငါတို့အားတိုက်ခိုက်ကြပါသနည်း'' ဟုမေးလျှင်သူတို့က``ငါတို့သည်ရှံဆုန်ကို ဖမ်းဆီး၍ ငါတို့အားသူပြုသကဲ့သို့သူ့ အားပြုရန်လာရောက်ကြခြင်းဖြစ်သည်'' ဟုပြန်လည်ပြောကြားကြ၏။-
11. ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။