သူ​ကြီး 14:2-12 Common Language Bible (BCL)

2. သူ​သည်​အိမ်​သို့​ပြန်​ပြီး​လျှင်​မိ​မိ​၏​မိ​ဘ​တို့ အား``တိ​မ​န​မြို့​တွင်​ကျွန်​တော်​သ​ဘော​ကျ သော​မိန်း​က​လေး​တစ်​ယောက်​ရှိ​ပါ​သည်။ သူ နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့်​သူ့​အား တောင်း​ရမ်း​ပေး​ကြ​ပါ'' ဟု​ပြော​၏။

3. သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။

4. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား တိုက်​ခိုက်​ရန်​အ​ခွင့်​အ​ခါ​ကို​ရှာ လျက်​ရှိ​သ​ဖြင့် ရှံ​ဆုန်​အား​ဤ​အ​မှု​အ​ရာ​ကို ပြု​စေ​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​မူ​သူ​၏ မိ​ဘ​တို့​သည်​မ​သိ​ကြ။ ထို​ကာ​လ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ဝယ် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကြီး​စိုး​လျက်​နေ သော​ကာ​လ​တည်း။

5. သို့​ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​မိ​ဘ​တို့​နှင့် အ​တူ​တိ​မ​န​မြို့​သို့​သွား​လေ​သည်။ သူ​တို့ သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​သန်း​သွား ကြ​စဉ် ခြင်္သေ့​ငယ်​တစ်​ကောင်​ဟောက်​လျက်​နေ သံ​ကို​ရှံ​ဆုန်​ကြား​ရ​၏။-

6. ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ​၏။ သို့ ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​လက်​နှစ်​ဘက်​တည်း ဖြင့် ထို​ခြင်္သေ့​အား​ဆိတ်​ငယ်​က​လေး​ကို​ဆွဲ​ဖဲ့ သ​ကဲ့​သို့​ဆွဲ​ဖဲ့​ပစ်​လိုက်​လေ​သည်။ သို့​ရာ​တွင် သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​အ​မှု​ကို​မိ​ဘ​တို့ အား​မ​ပြော​ဘဲ​နေ​၏။

7. ထို​နောက်​သူ​သည်​သူ​ငယ်​မ​ထံ​သို့​သွား​၍ တွေ့​ဆုံ​စ​ကား​ပြော​ကြည့်​ရာ​သူ​ငယ်​မ​ကို နှစ်​သက်​သ​ဘော​ကျ​လေ​သည်။-

8. ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ရှံ​ဆုန်​သည် ထို​သူ​ငယ်​မ​နှင့်​လက်​ထပ်​ထိမ်း​မြား ရန်​ပြန်​လာ​၏။ ထို​ခ​ရီး​တွင်​သူ​သည်​လမ်း​မ မှ​လွှဲ​ရှောင်​ကာ မိ​မိ​ယ​ခင်​က​သတ်​ခဲ့​သည့် ခြင်္သေ့​ကို​ကြည့်​ရှု​ရန်​သွား​ရာ​ခြင်္သေ့​အ​သေ ကောင်​ထဲ​၌​ပျား​အုံ​နှင့်​ပျား​များ​ကို​တွေ့ ရှိ​ရ​သ​ဖြင့်​အံ့​သြ​၍​သွား​လေ​သည်။-

9. သူ​သည်​ပျား​ရည်​အ​နည်း​ငယ်​ကို​လက်​ထဲ သို့​ခြစ်​ယူ​ကာ​ခ​ရီး​ပြု​ရင်း​စား​၏။ မိ​ဘ တို့​ထံ​သို့​ရောက်​သော​အ​ခါ​၌​သူ​တို့​အား လည်း​အ​နည်း​ငယ်​ပေး​၍​စား​စေ​၏။ သို့​ရာ တွင်​ပျား​ရည်​ကို​ခြင်္သေ့​အ​သေ​ကောင်​၏ အ​ထဲ​မှ​ရ​ရှိ​ကြောင်း​ကို​မူ​ရှံ​ဆုန်​သည် သူ​တို့​အား​မ​ပြော​ချေ။

10. သူ​၏​ဖ​ခင်​သည်​ချွေး​မ​၏​အိမ်​သို့​တစ်​ဖန် သွား​ရောက်​၏။ ရှံ​ဆုန်​သည်​လူ​ပျို​လူ​ရွယ်​တို့ ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​စား​သောက် ပွဲ​ကို​ကျင်း​ပ​၏။-

11. အ​ရပ်​သား​တို့​သည်​သူ့​ကို​မြင်​လျှင်​လူ​ပျို လူ​ရွယ်​သုံး​ဆယ်​ကို​သူ​နှင့်​အ​တူ​ပွဲ​ခံ​စေ ခြင်း​ငှာ​စေ​လွှတ်​လိုက်​ကြ​၏။-

12. ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။-

သူ​ကြီး 14