သူ​ကြီး 14:18-20 Common Language Bible (BCL)

18. သို့​ဖြစ်​၍​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​အိပ် ခန်း​အ​တွင်း​သို့ ရှံ​ဆုန်​မ​ဝင်​မီ​ထို​မြို့​သား တို့​က၊``ပျား​ရည်​ထက်​ချို​မြိန်​သော​အ​ရာ၊ ခြင်္သေ့​ထက်​သန်​စွမ်း​သော​သူ​ရှိ​နိုင်​ပါ​သ​လော''ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း``အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​နွား​မ​နှင့် မ​ထွန်​မ​ယက်​ရ​လျှင်ငါ့​စ​ကား​ထာ​ကို​ဖော်​ပြ​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်''ဟု​ပြန်​ပြော​လေ​သည်။

19. ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရှံ​ဆုန် အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ သ​ဖြင့် သူ​သည်​အာ​ရှ​ကေ​လုန်​မြို့​သို့​သွား ပြီး​လျှင်​လူ​သုံး​ဆယ်​ကို​သတ်​၍ ဝတ်​ကောင်း စား​လှ​များ​ကို​ချွတ်​ယူ​ကာ​စ​ကား​ထာ ကို​ဖော်​ပြ​သော​သူ​တို့​အား​ပေး​အပ်​လိုက်​၏။ ထို​နောက်​သူ​သည်​အ​မျက်​ထွက်​၍​မိ​မိ​အိမ် သို့​ပြန်​သွား​လေ​သည်။-

20. သူ​၏​ဇ​နီး​ကို​မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​ရှံ​ဆုန် ၏​လူ​ပျို​ရံ​ဖြစ်​သူ​နှင့်​ပေး​စား​လိုက်​ကြ​၏။

သူ​ကြီး 14