13. မဖော်နိုင်လျှင်ငါ့အားသင်တို့ကခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ပေးကြရမည်'' ဟုဆို၏။``သူတို့ကစကားထာကိုဝှက်သာဝှက်ပါ။ ငါတို့နားထောင်ပါရစေ'' ဟုဆိုကြ၏။
14. ရှံဆုန်က၊``စားသူ့အထဲမှစားစရာ၊သန်သူ့အထဲမှချို မြိန်ရာ၊ ထွက်ပေါ်လာခဲ့တာ''ဟုဆိုလေသည်။ သုံးရက်ကြာသော်လည်းထို သူတို့သည်စကားထာကိုမဖော်နိုင်ကြ သေးပေ။
15. လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။
16. ထို့ကြောင့်ရှံဆုန်၏ဇနီးသည်မျက်ရည်စက် လက်နှင့်သူ့ထံသို့သွား၍``သင်သည်ကျွန်မ ကိုချစ်သူမဟုတ်။ မုန်းသူသာဖြစ်သည်။ ကျွန်မ အားမဖော်ပြဘဲကျွန်မ၏မိတ်ဆွေများအား စကားထာဝှက်ထားလေပြီ'' ဟုဆိုလေသည်။ရှံဆုန်ကလည်း``ငါသည်မိဘတို့ကိုပင်မ ဖော်ပြဘဲ သင့်အားဖော်ပြရမည်လော'' ဟု ပြန်ပြော၏။-
17. ထိုအမျိုးသမီးသည်ဤအမှုနှင့်ပတ်သက်၍ ပွဲရက်ခုနစ်ရက်စလုံးပင်ငိုကြွေးလျက်နေ၏။ သို့ရာတွင်ခုနစ်ရက်မြောက်သောနေ့၌သူ သည်အလွန်ပူဆာသဖြင့် ရှံဆုန်သည်သူ့အား စကားထာကိုဖော်ပြလိုက်တော့၏။ ထိုအခါ သူသည်လည်းဖိလိတ္တိအမျိုးသားတို့အား ပြောပြလိုက်လေသည်။-