1. တစ်နေ့သ၌ရှံဆုန်သည်တိမနမြို့သို့ရောက် ရှိသွားရာ ထိုမြို့တွင်ဖိလိတ္တိအမျိုးသမီး ကလေးတစ်ဦးကိုတွေ့မြင်လေသည်။-
2. သူသည်အိမ်သို့ပြန်ပြီးလျှင်မိမိ၏မိဘတို့ အား``တိမနမြို့တွင်ကျွန်တော်သဘောကျ သောမိန်းကလေးတစ်ယောက်ရှိပါသည်။ သူ နှင့်ထိမ်းမြားလက်ထပ်လိုသဖြင့်သူ့အား တောင်းရမ်းပေးကြပါ'' ဟုပြော၏။
3. သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။
4. သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
5. သို့ဖြစ်၍ရှံဆုန်သည်မိမိ၏မိဘတို့နှင့် အတူတိမနမြို့သို့သွားလေသည်။ သူတို့ သည်စပျစ်ဥယျာဉ်များကိုဖြတ်သန်းသွား ကြစဉ် ခြင်္သေ့ငယ်တစ်ကောင်ဟောက်လျက်နေ သံကိုရှံဆုန်ကြားရ၏။-
6. ထာဝရဘုရား၏တန်ခိုးတော်သည်သူ့အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ၏။ သို့ ဖြစ်၍ရှံဆုန်သည်မိမိ၏လက်နှစ်ဘက်တည်း ဖြင့် ထိုခြင်္သေ့အားဆိတ်ငယ်ကလေးကိုဆွဲဖဲ့ သကဲ့သို့ဆွဲဖဲ့ပစ်လိုက်လေသည်။ သို့ရာတွင် သူသည်မိမိပြုခဲ့သည့်အမှုကိုမိဘတို့ အားမပြောဘဲနေ၏။
7. ထိုနောက်သူသည်သူငယ်မထံသို့သွား၍ တွေ့ဆုံစကားပြောကြည့်ရာသူငယ်မကို နှစ်သက်သဘောကျလေသည်။-
8. ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။-
9. သူသည်ပျားရည်အနည်းငယ်ကိုလက်ထဲ သို့ခြစ်ယူကာခရီးပြုရင်းစား၏။ မိဘ တို့ထံသို့ရောက်သောအခါ၌သူတို့အား လည်းအနည်းငယ်ပေး၍စားစေ၏။ သို့ရာ တွင်ပျားရည်ကိုခြင်္သေ့အသေကောင်၏ အထဲမှရရှိကြောင်းကိုမူရှံဆုန်သည် သူတို့အားမပြောချေ။
10. သူ၏ဖခင်သည်ချွေးမ၏အိမ်သို့တစ်ဖန် သွားရောက်၏။ ရှံဆုန်သည်လူပျိုလူရွယ်တို့ ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းစားသောက် ပွဲကိုကျင်းပ၏။-