သူ​ကြီး 13:6-19 Common Language Bible (BCL)

6. ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​ခင် ပွန်း​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင်​၏​စေ​တ​မန် တော်​သည်​ကျွန်​မ​ထံ​သို့​လာ​ပါ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​ပင် ကြောက်​မက်​ဖွယ်​ရာ​အ​ဆင်း​ကို​ဆောင်​ပါ​၏။ ကျွန်​မ​သည်​သူ့​အား`သင်​အ​ဘယ်​အ​ရပ်​မှ လာ​သ​နည်း' ဟူ​၍​မ​မေး​ပါ။ သူ​က​လည်း သူ​၏​နာ​မည်​ကို​ကျွန်​မ​အား​မ​ပြော​ပါ။-

7. သို့​ရာ​တွင်​ကျွန်​မ​သည်​ကိုယ်​ဝန်​ဆောင်​၍ သား​ယောကျာ်း​ကို​ဖွား​မြင်​မည်​ဖြစ်​ကြောင်း ကို​မူ ဧ​ကန်​အ​မှန်​ပင်​ကျွန်​မ​အား​သူ​ပြော ပါ​၏။ က​လေး​သူ​ငယ်​သည်​အ​သက်​ရှင်​သ မျှ​ကာ​လ​ပတ်​လုံး​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား​သူ ဖြစ်​မည်​ဖြစ်​၍ ကျွန်​မ​အား​စ​ပျစ်​ရည်​ကို သော်​လည်း​ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော် လည်း​ကောင်း​မ​သောက်​ရန်​နှင့် တား​မြစ်​ထား သည့်​အစား​အ​စာ​မှန်​သ​မျှ​ကို​ရှောင်​ကြဉ် ရန်​ပြော​ပါ​သည်'' ဟု​ဆို​လေ​သည်။

8. ထို​အ​ခါ​မာ​နော်​သည်``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စေ​လွှတ်​ခဲ့​သူ​အား​ကျေး​ဇူး​ပြု​၍ အ​ကျွန်ုပ်​တို့​ထံ​သို့​တစ်​ဖန်​ပြန်​လည်​စေ​လွှတ် ပေး​တော်​မူ​၍ သား​ငယ်​မွေး​ဖွား​လာ​သော အ​ခါ​သူ့​အား​အကျွန်ုပ်​တို့​အ​ဘယ်​သို့​ပြု ကြ​ရ​မည်​ကို​လည်း​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။

9. ဘု​ရား​သ​ခင်​သည်​လည်း​မာ​နော်​တောင်း လျှောက်​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် ကိုယ် တော်​၏​ကောင်း​ကင်​တ​မန်​သည်​လယ်​ထဲ​၌ ထိုင်​နေ​သော​အ​မျိုး​သ​မီး​ထံ​သို့​ပြန်​လာ လေ​သည်။ ထို​အ​ခါ​၌​သူ​၏​ခင်​ပွန်း မာ​နော်​မှာ​သူ​နှင့်​အ​တူ​မ​ရှိ​ချေ။-

10. သို့​ဖြစ်​၍​သူ​သည်​ချက်​ချင်း​ပြေး​၍​မိ​မိ​၏ ခင်​ပွန်း​အား``တစ်​နေ့​က​ကျွန်​မ​ထံ​သို့​လာ သူ​သည်​ယ​ခု​ပြန်​လည်​ရောက်​ရှိ​နေ​ပါ​ပြီ'' ဟု​ပြော​၏။

11. မာ​နော်​သည်​လည်း​ထ​၍​မိ​မိ​ဇနီး​နောက်​သို့ လိုက်​သွား​ပြီး​လျှင်​သူ့​အား``သင်​သည်​အ​ကျွန်ုပ် ၏​ဇ​နီး​နှင့်​စ​ကား​ပြော​ခဲ့​သူ​မှန်​ပါ​သ​လော'' ဟု​မေး​၏။``မှန်​ပါ​သည်'' ဟု​ထို​သူ​က​ဆို​၏။

12. မာ​နော်​က``သို့​ဖြစ်​ပါ​လျှင်​သင်​ပြော​သည့် အ​တိုင်း​ဖြစ်​ပျက်​လာ​သော​အ​ခါ ထို​သူ​ငယ် သည်​အ​ဘယ်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နေ​ထိုင်​ပြု​မူ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။

13. ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သင်​၏​ဇနီး​သည်​သူ့​အား​ငါ​ပြော​ပြ ခဲ့​သ​မျှ​သော​အရာ​တို့​ကို​သေ​ချာ​စွာ​ဆောင် ရွက်​ရ​မည်။-

14. သူ​သည်​စ​ပျစ်​နွယ်​ပင်​မှ​ရ​ရှိ​သည့်​အ​ရာ​ဟူ သ​မျှ​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို​သော်​လည်း ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း မ​သောက်​ရ။ တား​မြစ်​ထား​သည့်​အ​စား​အ​စာ မှန်​သ​မျှ​ကို​ရှောင်​ရ​မည်။ သူ​သည်​ငါ​မှာ​ကြား ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို​ပြု​ရ​မည်'' ဟု ပြန်​ပြော​လေ​သည်။

17. မာ​နော်​က​လည်း​သင်​၏​နာ​မည်​ကို​အ​ကျွန်ုပ် သိ​ပါ​ရ​စေ။ သို့​မှ​သာ​လျှင်​သင်​ပြော​ဆို​သည့် စ​ကား​များ​မှန်​ကန်​လာ​သော​အ​ခါ သင့်​အား အ​ကျွန်ုပ်​တို့​ဂုဏ်​ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ပြန် ပြော​၏။

18. ကောင်း​ကင်​တ​မန်​က``ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း။ ယင်း​မှာ​အံ့​သြ​ဖွယ် ကောင်း​သည့်​နာ​မ​ဖြစ်​၏'' ဟု​ဆို​၏။

19. သို့​ဖြစ်​၍​မာ​နော်​သည်​ဆိတ်​ငယ်​တစ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ကျောက်​ယဇ်​ပလ္လင်​ပေါ် တွင်​တင်​ပြီး​လျှင် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် လေ​၏။-

သူ​ကြီး 13