11. မာနော်သည်လည်းထ၍မိမိဇနီးနောက်သို့ လိုက်သွားပြီးလျှင်သူ့အား``သင်သည်အကျွန်ုပ် ၏ဇနီးနှင့်စကားပြောခဲ့သူမှန်ပါသလော'' ဟုမေး၏။``မှန်ပါသည်'' ဟုထိုသူကဆို၏။
12. မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
13. ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သင်၏ဇနီးသည်သူ့အားငါပြောပြ ခဲ့သမျှသောအရာတို့ကိုသေချာစွာဆောင် ရွက်ရမည်။-
14. သူသည်စပျစ်နွယ်ပင်မှရရှိသည့်အရာဟူ သမျှကိုမစားရ။ စပျစ်ရည်ကိုသော်လည်း ကောင်း၊ သေရည်သေရက်ကိုသော်လည်းကောင်း မသောက်ရ။ တားမြစ်ထားသည့်အစားအစာ မှန်သမျှကိုရှောင်ရမည်။ သူသည်ငါမှာကြား ခဲ့သမျှသောအရာတို့ကိုပြုရမည်'' ဟု ပြန်ပြောလေသည်။
15-16. မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။
17. မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။
18. ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။
19. သို့ဖြစ်၍မာနော်သည်ဆိတ်ငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ကျောက်ယဇ်ပလ္လင်ပေါ် တွင်တင်ပြီးလျှင် အံ့သြဖွယ်အမှုတို့ကိုပြု တော်မူသောထာဝရဘုရားအားပူဇော် လေ၏။-
20-21. ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
22. မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။