7. ယေဖသသည်ဣသရေလပြည်သူတို့ အားခြောက်နှစ်မျှခေါင်းဆောင်ပြီးနောက် ကွယ်လွန်သော် သူ၏ရုပ်အလောင်းကိုဂိလဒ် ပြည်ရှိသူ၏ဌာနေမြို့တွင်သင်္ဂြိုဟ်ကြ၏။
8. ယေဖသကွယ်လွန်ပြီးနောက်ဣသရေလ လူမျိုးအား ခေါင်းဆောင်သူမှာဗက်လင်မြို့ သားဣဗဇန်ဖြစ်၏။ သူ၌သားသုံးဆယ် နှင့်သမီးသုံးဆယ်ရှိ၏။-
9. သူသည်မိမိ၏သမီးတို့အားမိမိသား ချင်းစုဝင်မဟုတ်သူများနှင့်ထိမ်းမြား ပေး၍ မိမိသားများအားမိမိသားချင်း စုဝင်မဟုတ်သောအမျိုးသမီးများ နှင့်ထိမ်းမြားပေးလေသည်။ ဣဗဇန်သည် ဣသရေလအမျိုးအားခုနစ်နှစ်မျှ ခေါင်းဆောင်ရပြီးနောက်၊-
10. ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို ဗက်လင်မြို့တွင်သင်္ဂြိုဟ်ကြ၏။
11. ဣဗဇန်ကွယ်လွန်ပြီးနောက် ဇာဗုလုန်မြို့သား ဧလုန်သည်ဆယ်နှစ်မျှ ဣသရေလလူမျိုး၏ ခေါင်းဆောင်ဖြစ်လာ၏။-
12. ထိုနောက်သူသည်ကွယ်လွန်သော်သူ၏ရုပ် အလောင်းကို ဇာဗုလုန်နယ်မြေရှိအာဇလုန် မြို့၌သင်္ဂြိုဟ်ကြလေသည်။-
13. ဧလုန်ကွယ်လွန်ပြီးနောက်ပိရသုန်မြို့နေဟိ လေလ၏သားအာဗဒုန်သည် ဣသရေလ လူမျိုးကိုခေါင်းဆောင်ရ၏။-
14. သူ၌မြည်းတစ်ကောင်စီစီးနင်းသောသား လေးဆယ်နှင့်မြေးသုံးဆယ်ရှိ၏။ အာဗဒုန် သည်ဣသရေလလူမျိုးကိုရှစ်နှစ်မျှ ခေါင်းဆောင်ပြီးလျှင်၊-
15. ကွယ်လွန်သော်သူ၏ရုပ်အလောင်းကိုအာ မလက်တောင်ကုန်းဒေသ၊ ဧဖရိမ်နယ်ရှိ ပိရသုန်မြို့၌သင်္ဂြိုဟ်ကြ၏။