သူ​ကြီး 12:4-7 Common Language Bible (BCL)

4. ထို​နောက်​ယေ​ဖ​သ​သည်​ဂိလဒ်​သူ​ရဲ​အ​ပေါင်း တို့​ကို​စု​ရုံး​စေ​လျက် ဧ​ဖ​ရိမ်​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​လေ​သည်။ (ဧ​ဖ​ရိမ်​ပြည် နှင့်​မ​နာ​ရှေ​ပြည်​တွင်​နေ​ထိုင်​သော​ဂိ​လဒ် ပြည်​သား​တို့​သည် သစ္စာ​ဖောက်​၍​ဧ​ဖ​ရိမ် ပြည်​မှ​ထွက်​သွား​သူ​များ​ဟူ​၍​စွပ်​စွဲ ပြော​ဆို​ခဲ့​သ​တည်း။-)

5. ဧ​ဖ​ရိမ်​ပြည်​သား​တို့​မ​လွတ်​မြောက်​နိုင်​စေ ရန်​ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ် တစ်​ဘက်​ကမ်း​သို့​ကူး​ဖြတ်​နိုင်​သည့်​နေ ရာ​ရှိ​သ​မျှ​ကို​သိမ်း​ထား​ကြ​၏။-

6. ဧ​ဖ​ရိမ်​ပြည်​သား​တစ်​စုံ​တစ်​ယောက်​သည် ထွက်​မြောက်​နိုင်​ရန် မြစ်​ကို​ဖြတ်​ကူး​ခွင့်​တောင်း ခံ​သည့်​အ​ခါ​တိုင်း​ဂိ​လဒ်​ပြည်​သား​တို့ က``သင်​သည်​ဧ​ဖ​ရိမ်​ပြည်​သား​လော'' ဟု မေး​စစ်​၏။ ``မ​ဟုတ်​ပါ'' ဟု​ဆို​လျှင်``ရှိ​ဗော လက်'' ဟူ​သော​စ​ကား​ကို​ဆို​စေ​၏။ သို့​ရာ တွင်​အ​ကယ်​၍​ထို​သူ​သည်​စ​ကား​ကို ပီ​သ​စွာ​မ​ပြော​နိုင်​ဘဲ``သိ​ဗော​လက်'' ဟု ဆို​ခဲ့​သော်​သူ့​အား​ဖမ်း​ဆီး​၍​ယော်​ဒန် မြစ်​ကူး​ရာ​အ​ရပ်​၌​သတ်​ကြ​သည်။ ထို စစ်​ပွဲ​၌​ဧ​ဖ​ရိမ်​ပြည်​သား​လေး​သောင်း နှစ်​ထောင်​ကျ​ဆုံး​ရ​ကြ​လေ​သည်။

7. ယေ​ဖ​သ​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​ခြောက်​နှစ်​မျှ​ခေါင်း​ဆောင်​ပြီး​နောက် ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို​ဂိ​လဒ် ပြည်​ရှိ​သူ​၏​ဌာ​နေ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။

သူ​ကြီး 12