2. သို့ရာတွင်ယေဖသက``ငါနှင့်ငါ၏လူတို့ သည်အမ္မုန်အမျိုးသားတို့နှင့်ပြင်းပြင်းထန် ထန်ခိုက်ရန်ဖြစ်ခဲ့ကြ၏။ ငါသည်သင်တို့ကို ခေါ်သော်လည်း ငါတို့အားထိုသူတို့လက်မှ သင်တို့မကယ်ဘဲနေခဲ့ကြသည်။-
3. ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။-
4. ထိုနောက်ယေဖသသည်ဂိလဒ်သူရဲအပေါင်း တို့ကိုစုရုံးစေလျက် ဧဖရိမ်အမျိုးသား တို့အားတိုက်ခိုက်လေသည်။ (ဧဖရိမ်ပြည် နှင့်မနာရှေပြည်တွင်နေထိုင်သောဂိလဒ် ပြည်သားတို့သည် သစ္စာဖောက်၍ဧဖရိမ် ပြည်မှထွက်သွားသူများဟူ၍စွပ်စွဲ ပြောဆိုခဲ့သတည်း။-)
5. ဧဖရိမ်ပြည်သားတို့မလွတ်မြောက်နိုင်စေ ရန်ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ် တစ်ဘက်ကမ်းသို့ကူးဖြတ်နိုင်သည့်နေ ရာရှိသမျှကိုသိမ်းထားကြ၏။-
6. ဧဖရိမ်ပြည်သားတစ်စုံတစ်ယောက်သည် ထွက်မြောက်နိုင်ရန် မြစ်ကိုဖြတ်ကူးခွင့်တောင်း ခံသည့်အခါတိုင်းဂိလဒ်ပြည်သားတို့ က``သင်သည်ဧဖရိမ်ပြည်သားလော'' ဟု မေးစစ်၏။ ``မဟုတ်ပါ'' ဟုဆိုလျှင်``ရှိဗော လက်'' ဟူသောစကားကိုဆိုစေ၏။ သို့ရာ တွင်အကယ်၍ထိုသူသည်စကားကို ပီသစွာမပြောနိုင်ဘဲ``သိဗောလက်'' ဟု ဆိုခဲ့သော်သူ့အားဖမ်းဆီး၍ယော်ဒန် မြစ်ကူးရာအရပ်၌သတ်ကြသည်။ ထို စစ်ပွဲ၌ဧဖရိမ်ပြည်သားလေးသောင်း နှစ်ထောင်ကျဆုံးရကြလေသည်။