6. သူ့အား``အမ္မုန်အမျိုးသားများကိုတိုက်ခိုက် ရန် ငါတို့အားဦးဆောင်ပါ'' ဟုပြောကြား ကြ၏။
7. သို့ရာတွင်ယေဖသက``သင်တို့သည်ငါ့ကို အလွန်မုန်းသဖြင့်အဖအိမ်မှနှင်ထုတ်ခဲ့ ကြ၏။ ယခုဒုက္ခရောက်သောအခါကျမှ အဘယ်ကြောင့်ငါ့ထံသို့လာကြပါသနည်း'' ဟုပြန်ပြောလေသည်။
8. သူတို့သည်ယေဖသအား``ယခုသင့်ထံသို့ ငါတို့လာကြသည်မှာအမ္မုန်အမျိုးသားတို့ အား ငါတို့နှင့်အတူသွားရောက်တိုက်ခိုက်ရန် နှင့်ဂိလဒ်ပြည်သားအပေါင်းတို့အားခေါင်း ဆောင်စေရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။
9. ယေဖသက``အကယ်၍သင်တို့သည်အမ္မုန် အမျိုးသားတို့အား တိုက်ခိုက်ရန်ငါ့ကိုအိမ် သို့ပြန်လည်ခေါ်ဆောင်သဖြင့် ထာဝရဘုရား ကလည်းငါ့အားအောင်ပွဲခံစေတော်မူသည် ဆိုပါလျှင် ငါသည်သင်တို့၏ဘုရင်ဖြစ်လာ ရမည်'' ဟုပြန်ပြောလေသည်။
10. ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။-