သူ​ကြီး 11:5-19 Common Language Bible (BCL)

5. ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊-

6. သူ့​အား``အမ္မုန်​အ​မျိုး​သား​များ​ကို​တိုက်​ခိုက် ရန် ငါ​တို့​အား​ဦး​ဆောင်​ပါ'' ဟု​ပြော​ကြား ကြ​၏။

7. သို့​ရာ​တွင်​ယေ​ဖ​သ​က``သင်​တို့​သည်​ငါ့​ကို အ​လွန်​မုန်း​သ​ဖြင့်​အ​ဖ​အိမ်​မှ​နှင်​ထုတ်​ခဲ့ ကြ​၏။ ယ​ခု​ဒုက္ခ​ရောက်​သော​အ​ခါ​ကျ​မှ အ​ဘယ်​ကြောင့်​ငါ့​ထံ​သို့​လာ​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​သည်။

8. သူ​တို့​သည်​ယေ​ဖ​သ​အား``ယ​ခု​သင့်​ထံ​သို့ ငါ​တို့​လာ​ကြ​သည်​မှာ​အမ္မုန်​အ​မျိုး​သား​တို့ အား ငါ​တို့​နှင့်​အ​တူ​သွား​ရောက်​တိုက်​ခိုက်​ရန် နှင့်​ဂိလဒ်​ပြည်​သား​အ​ပေါင်း​တို့​အား​ခေါင်း ဆောင်​စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။

9. ယေ​ဖ​သ​က``အ​ကယ်​၍​သင်​တို့​သည်​အမ္မုန် အ​မျိုး​သား​တို့​အား တိုက်​ခိုက်​ရန်​ငါ့​ကို​အိမ် သို့​ပြန်​လည်​ခေါ်​ဆောင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သည် ဆို​ပါ​လျှင် ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​လာ ရ​မည်'' ဟု​ပြန်​ပြော​လေ​သည်။

10. ထို​သူ​တို့​က​လည်း``ငါ​တို့​သ​ဘော​တူ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​အ​သိ​သက်​သေ ပင်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​ကြ​၏။-

11. ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။

12. ထို​နောက်​သူ​သည်​အမ္မုန်​ဘုရင်​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``သင်​နှင့်​ငါ​တို့​တွင်​အ​ဘယ် ရန်​စ​ရှိ​ပါ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့် ငါ​တို့​ပြည်​သို့​ချဉ်း​နင်း​ဝင်​ရောက်​ရ​ပါ သ​နည်း'' ဟု​မေး​၏။

13. အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။

16. အ​ဖြစ်​မှန်​မှာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ၌​သူ​တို့​သည်​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ အာ​က ဘာ​ပင်​လယ်​ကွေ့​အ​နီး​ကာ​ဒေ​ရှ​မြို့​သို့ ရောက်​ရှိ​ကြ​၏။-

17. ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-

18. ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-

19. ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်​မြို့​ရှိ​အာ​မော​ရိ​လူ​မျိုး​တို့​၏ ဘု​ရင်၊ ရှိ​ဟုန်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်​သူ ၏​ပြည်​ကို​ဖြတ်​ကျော်​ကာ မိ​မိ​တို့​ပြည်​သို့ သွား​ရောက်​ခွင့်​ပြု​ရန်​ပန်​ကြား​လျှောက် ထား​ကြ​၏။-

သူ​ကြီး 11