37. သို့ရာတွင်ကျွန်မတစ်ခုတောင်းခံပါရစေ။ ကျွန်မသည်အပျိုစင်ဘဝဖြင့်အသက်ကုန် ဆုံးရသည့်အတွက် အပေါင်းအဖော်များနှင့် အတူတောင်ရိုးပေါ်တွင်လှည့်လည်၍ ငိုကြွေး မြည်တမ်းနိုင်ရန်နှစ်လမျှကျွန်မအား လွတ်လွတ်လပ်လပ်နေခွင့်ပြုပါ'' ဟုတောင်း ပန်၏။-
38. ယေဖသသည်သမီးဖြစ်သူအားနှစ်လမျှ ခွင့်ပြု၍ ထွက်ခွာသွားစေလေသည်။ သူငယ်မ သည်အိမ်ထောင်မကျ၊ သားသမီးမရဘဲ သေဆုံးရတော့မည်ဖြစ်၍ သူနှင့်တကွသူ ၏အပေါင်းအဖော်တို့သည်တောင်ရိုးပေါ် သို့တက်၍ငိုကြွေးမြည်တမ်းကြကုန်၏။-
39. နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ဤအဖြစ်အပျက်ကြောင့်၊-
40. ဣသရေလပြည်ဂိလဒ်မြို့သားယေဖသ ၏သမီးအတွက်နှစ်စဉ်နှစ်တိုင်းလေးရက်မျှ ဣသရေလအမျိုးသမီးတို့သည်ထွက်၍ ငိုကြွေးမြည်တမ်းကြသည့်ဋ္ဌလေ့ထုံးစံရှိ သတည်း။