သူ​ကြီး 11:36-40 Common Language Bible (BCL)

36. သူ​ငယ်​မ​က​လည်း``အ​ကယ်​၍​ဖ​ခင်​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြုထား​ပြီး​ပြီ​ဟု​ဆို လျှင် ထို​သစ္စာ​က​တိ​အ​တိုင်း​ကျွန်​မ​အား​ပြု ပါ​လေ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖ​ခင်​အား​မိ​မိ ၏​ရန်​သူ​တို့​အ​ပေါ်​၌​လက်​စား​ချေ​ခွင့်​ကို ပေး​တော်​မူ​ပါ​ပြီ။-

37. သို့​ရာ​တွင်​ကျွန်မ​တစ်​ခု​တောင်း​ခံ​ပါ​ရ​စေ။ ကျွန်​မ​သည်​အ​ပျို​စင်​ဘ​ဝ​ဖြင့်​အ​သက်​ကုန် ဆုံး​ရ​သည့်​အ​တွက် အ​ပေါင်း​အ​ဖော်​များ​နှင့် အ​တူ​တောင်​ရိုး​ပေါ်​တွင်​လှည့်​လည်​၍ ငို​ကြွေး မြည်​တမ်း​နိုင်​ရန်​နှစ်​လ​မျှ​ကျွန်​မ​အား လွတ်​လွတ်​လပ်​လပ်​နေ​ခွင့်​ပြု​ပါ'' ဟု​တောင်း ပန်​၏။-

38. ယေ​ဖ​သ​သည်​သမီး​ဖြစ်​သူ​အား​နှစ်​လ​မျှ ခွင့်​ပြု​၍ ထွက်​ခွာ​သွား​စေ​လေ​သည်။ သူ​ငယ်​မ သည်​အိမ်​ထောင်​မ​ကျ၊ သား​သ​မီး​မ​ရ​ဘဲ သေ​ဆုံး​ရ​တော့​မည်​ဖြစ်​၍ သူ​နှင့်​တ​ကွ​သူ ၏​အ​ပေါင်း​အ​ဖော်​တို့​သည်​တောင်​ရိုး​ပေါ် သို့​တက်​၍​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။-

39. နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။ဤ​အ​ဖြစ်​အပျက်​ကြောင့်၊-

40. ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။

သူ​ကြီး 11