29. ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။-
30. သူသည်ထာဝရဘုရားအားဤသို့သစ္စာ ကတိပြု၏။ ``အကယ်၍ကိုယ်တော်သည် အကျွန်ုပ်ကိုအမ္မုန်အမျိုးသားတို့အပေါ် ၌အောင်ပွဲခံစေတော်မူမည်ဆိုပါက၊-
31. အကျွန်ုပ်အားခရီးဦးကြိုပြုရန်အိမ်မှ ဦးစွာပထမထွက်လာသူအား မီးရှို့ရာ ယဇ်အဖြစ်ဖြင့်ကိုယ်တော်အားပူဇော်ဆက် သပါမည်။''
32. သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။-
33. သူသည်ရန်သူများကိုအာရော်မြို့မှအစပြု ၍ မိန္နိတ်မြို့၏ပတ်ဝန်းကျင်ဒေသတစ်လျှောက် ရှိမြို့ပေါင်းနှစ်ဆယ်ကိုလည်းကောင်း၊ အာဗေ လခေရမိမ်မြို့သို့တိုင်အောင်လည်းကောင်း လိုက် လံတိုက်ခိုက်ရာလူသတ်ပွဲကြီးဖြစ်ခဲ့၏။ သို့ ဖြစ်၍အမ္မုန်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့်စစ်တိုက်ရာတွင်အရေး ရှုံးနိမ့်သွားလေ၏။
34. ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။-
35. ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
36. သူငယ်မကလည်း``အကယ်၍ဖခင်သည် ထာဝရ ဘုရားအားသစ္စာကတိပြုထားပြီးပြီဟုဆို လျှင် ထိုသစ္စာကတိအတိုင်းကျွန်မအားပြု ပါလေ။ ထာဝရဘုရားသည်ဖခင်အားမိမိ ၏ရန်သူတို့အပေါ်၌လက်စားချေခွင့်ကို ပေးတော်မူပါပြီ။-
37. သို့ရာတွင်ကျွန်မတစ်ခုတောင်းခံပါရစေ။ ကျွန်မသည်အပျိုစင်ဘဝဖြင့်အသက်ကုန် ဆုံးရသည့်အတွက် အပေါင်းအဖော်များနှင့် အတူတောင်ရိုးပေါ်တွင်လှည့်လည်၍ ငိုကြွေး မြည်တမ်းနိုင်ရန်နှစ်လမျှကျွန်မအား လွတ်လွတ်လပ်လပ်နေခွင့်ပြုပါ'' ဟုတောင်း ပန်၏။-
38. ယေဖသသည်သမီးဖြစ်သူအားနှစ်လမျှ ခွင့်ပြု၍ ထွက်ခွာသွားစေလေသည်။ သူငယ်မ သည်အိမ်ထောင်မကျ၊ သားသမီးမရဘဲ သေဆုံးရတော့မည်ဖြစ်၍ သူနှင့်တကွသူ ၏အပေါင်းအဖော်တို့သည်တောင်ရိုးပေါ် သို့တက်၍ငိုကြွေးမြည်တမ်းကြကုန်၏။-
39. နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ဤအဖြစ်အပျက်ကြောင့်၊-