23. သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အတွက် အမ္မုန်အမျိုးသား တို့အားနှင်ထုတ်ပေးတော်မူသောအရှင်မှာ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။-
24. သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။-
25. သင်သည်မိမိကိုယ်ကိုမောဘဘုရင်၊ ဇိဖော် ၏သားဗာလက်ထက်ပိုမိုကြီးမြတ်သည်ဟု ထင်မှတ်ပါသလော။ သူသည်ဣသရေလ လူမျိုးကိုရန်ပြု၍တိုက်ခိုက်ဖူးပါသ လော။-
26. ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-
27. ငါသည်သင့်အားအဘယ်သို့မျှမပြစ်မှား။ သင်သာလျှင်ငါ့အားစစ်တိုက်ခြင်းဖြင့် အမှားကိုပြု၏။ ထာဝရဘုရားသည်တရား သူကြီးဖြစ်တော်မူ၏။ ကိုယ်တော်သည်ဣသ ရေလအမျိုးသားနှင့်အမ္မုန်အမျိုးသား တို့စပ်ကြား၌ ယနေ့တရားစီရင်ဆုံး ဖြတ်တော်မူပါလိမ့်မည်။-''
28. သို့ရာတွင်အမ္မုန်ဘုရင်သည်ယေဖသပြန် လည်ဖြေကြားသောစကားကိုမည်သို့မျှ ပမာဏမပြုချေ။
29. ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။-
30. သူသည်ထာဝရဘုရားအားဤသို့သစ္စာ ကတိပြု၏။ ``အကယ်၍ကိုယ်တော်သည် အကျွန်ုပ်ကိုအမ္မုန်အမျိုးသားတို့အပေါ် ၌အောင်ပွဲခံစေတော်မူမည်ဆိုပါက၊-
31. အကျွန်ုပ်အားခရီးဦးကြိုပြုရန်အိမ်မှ ဦးစွာပထမထွက်လာသူအား မီးရှို့ရာ ယဇ်အဖြစ်ဖြင့်ကိုယ်တော်အားပူဇော်ဆက် သပါမည်။''
32. သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။-
33. သူသည်ရန်သူများကိုအာရော်မြို့မှအစပြု ၍ မိန္နိတ်မြို့၏ပတ်ဝန်းကျင်ဒေသတစ်လျှောက် ရှိမြို့ပေါင်းနှစ်ဆယ်ကိုလည်းကောင်း၊ အာဗေ လခေရမိမ်မြို့သို့တိုင်အောင်လည်းကောင်း လိုက် လံတိုက်ခိုက်ရာလူသတ်ပွဲကြီးဖြစ်ခဲ့၏။ သို့ ဖြစ်၍အမ္မုန်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့်စစ်တိုက်ရာတွင်အရေး ရှုံးနိမ့်သွားလေ၏။
34. ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။-