သူ​ကြီး 11:2-5 Common Language Bible (BCL)

2. မ​ယား​နှင့်​ရ​သော​သား​များ​လည်း​ရှိ​၏။ ထို သူ​တို့​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ ယေ ဖ​သ​အား​နေ​အိမ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ သူ​တို့​က``သင်​သည်​အ​ခြား​မိန်း​မ​နှင့်​ရ သော​သား​ဖြစ်​သ​ဖြင့် ငါ​တို့​ဖခင်​၏​အ​မွေ ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-

3. ယေ​ဖ​သ​သည်​လည်း​မိ​မိ​၏​ညီ​အစ်​ကို​များ ထံ​မှ​ထွက်​ပြေး​၍ တော​ဘ​ပြည်​၌​နေ​ထိုင် လေ​သည်။ ထို​အ​ရပ်​၌​သူ​သည်​အ​ခြေ​အ​နေ မဲ့​သူ​လူ​တစ်​စု​၏​လေး​စား​မှု​ကို​ခံ​ရ သ​ဖြင့် ထို​သူ​တို့​သည်​သူ​၏​နောက်​သို့ လိုက်​ကြ​လေ​သည်။

4. ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​စစ်​ဖြစ်​ကြ​၏။-

5. ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊-

သူ​ကြီး 11