13. အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။
14-15. ယေဖသသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုပြန်လည်စေလွှတ်ကာဤသို့ဖြေ ကြား၏။ ``မောဘပြည်ကိုသော်လည်းကောင်း၊ အမ္မုန်ပြည်ကိုသော်လည်းကောင်း ဣသရေလ အမျိုးသားတို့သိမ်းယူခဲ့ကြသည်ဆိုသည် မှာမဟုတ်မမှန်ပါ။-
16. အဖြစ်မှန်မှာဣသရေလအမျိုးသားတို့ သည် အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ၌သူတို့သည်သဲကန္တာရကိုဖြတ်၍ အာက ဘာပင်လယ်ကွေ့အနီးကာဒေရှမြို့သို့ ရောက်ရှိကြ၏။-
17. ထိုအခါသူတို့သည်ဧဒုံဘုရင်ထံသို့စေ တမန်များကိုလွှတ်၍ ဧဒုံပြည်ကိုဖြတ်သွား ခွင့်ပြုရန်လျှောက်ထားကြ၏။ သို့ရာတွင်ဧဒုံ ဘုရင်ကခွင့်ပြုတော်မမူ။ သူတို့သည်မောဘ ဘုရင်အားလည်းထိုနည်းတူလျှောက်ထားကြ ပြန်၏။ ထိုဘုရင်ကလည်းခွင့်မပြုချေ။ သို့ ဖြစ်၍ဣသရေလအမျိုးသားတို့သည်ကာ ဒေရှမြို့တွင်နေထိုင်ရကြ၏။-
18. ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။-
19. ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟေရှဘုန်မြို့ရှိအာမောရိလူမျိုးတို့၏ ဘုရင်၊ ရှိဟုန်ထံသို့စေလွှတ်ပြီးလျှင်သူ ၏ပြည်ကိုဖြတ်ကျော်ကာ မိမိတို့ပြည်သို့ သွားရောက်ခွင့်ပြုရန်ပန်ကြားလျှောက် ထားကြ၏။-