သူ​ကြီး 11:11-27 Common Language Bible (BCL)

11. ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။

12. ထို​နောက်​သူ​သည်​အမ္မုန်​ဘုရင်​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``သင်​နှင့်​ငါ​တို့​တွင်​အ​ဘယ် ရန်​စ​ရှိ​ပါ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့် ငါ​တို့​ပြည်​သို့​ချဉ်း​နင်း​ဝင်​ရောက်​ရ​ပါ သ​နည်း'' ဟု​မေး​၏။

13. အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။

14-15. ယေ​ဖ​သ​သည်​အမ္မုန်​ဘု​ရင်​ထံ​သို့​စေ​တ​မန် များ​ကို​ပြန်​လည်​စေ​လွှတ်​ကာ​ဤ​သို့​ဖြေ ကြား​၏။ ``မော​ဘ​ပြည်​ကို​သော်​လည်း​ကောင်း၊ အမ္မုန်​ပြည်​ကို​သော်​လည်း​ကောင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​ခဲ့​ကြ​သည်​ဆို​သည် မှာ​မ​ဟုတ်​မ​မှန်​ပါ။-

16. အ​ဖြစ်​မှန်​မှာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ၌​သူ​တို့​သည်​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ အာ​က ဘာ​ပင်​လယ်​ကွေ့​အ​နီး​ကာ​ဒေ​ရှ​မြို့​သို့ ရောက်​ရှိ​ကြ​၏။-

17. ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-

18. ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-

19. ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်​မြို့​ရှိ​အာ​မော​ရိ​လူ​မျိုး​တို့​၏ ဘု​ရင်၊ ရှိ​ဟုန်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်​သူ ၏​ပြည်​ကို​ဖြတ်​ကျော်​ကာ မိ​မိ​တို့​ပြည်​သို့ သွား​ရောက်​ခွင့်​ပြု​ရန်​ပန်​ကြား​လျှောက် ထား​ကြ​၏။-

20. သို့​ရာ​တွင်​ရှိ​ဟုန်​မင်း​က​ခွင့်​မ​ပြု​ချေ။ သူ သည်​မိ​မိ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို​စု​ရုံး စေ​ပြီး​လျှင် ယာ​ဟတ်​မြို့​သို့​လာ​ရောက်​စ​ခန်း ချ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တိုက်​ခိုက်​လေ​သည်။-

21. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ရှိ​ဟုန်​မင်း​နှင့်​တပ်​မ တော်​ကို​နှိမ်​နင်း​အောင်​မြင်​ခွင့်​ပေး​တော်​မူ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို ပြည်​၌​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး​သား တို့​၏​နယ်​မြေ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​၏။-

22. သူ​တို့​သည်​တောင်​သို့​လား​သော်​အာ​နုန်​မြစ်၊ မြောက်​သို့​လား​သော်​ယဗ္ဗုတ်​မြစ်​တိုင်​အောင် လည်း​ကောင်း၊ အ​ရှေ့​သို့​လား​သော်​သဲ​ကန္တာ​ရ၊ အ​နောက်​သို့​လား​သော်​ယော်​ဒန်​မြစ်​တိုင်​အောင် လည်း​ကောင်း​အာ​မော​ရိ​နယ်​မြေ​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​၏။-

23. သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အမ္မုန်​အ​မျိုး​သား တို့​အား​နှင်​ထုတ်​ပေး​တော်​မူ​သော​အ​ရှင်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။-

24. သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။-

25. သင်​သည်​မိ​မိ​ကိုယ်​ကို​မော​ဘ​ဘု​ရင်၊ ဇိ​ဖော် ၏​သား​ဗာ​လက်​ထက်​ပို​မို​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​ပါ​သ​လော။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ရန်​ပြု​၍​တိုက်​ခိုက်​ဖူး​ပါ​သ လော။-

26. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟေ​ရှ​ဘုန် မြို့​နှင့်​အာ​ရော်​မြို့​တို့​ကို​လည်း​ကောင်း၊ ထို​မြို့ များ​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့​နှင့်​အာ​နုန်​မြစ် ကမ်း​ပေါ်​ရှိ​မြို့​မှန်​သ​မျှ​ကို​လည်း​ကောင်း နှစ် ပေါင်း​သုံး​ရာ​တိုင်​တိုင်​သိမ်း​ပိုက်​ထား​စဉ်​က သင်​သည်​အ​ဘယ်​ကြောင့်​ထို​မြို့​တို့​ကို​ပြန် လည်​မ​သိမ်း​မ​ယူ​ခဲ့​ပါ​သ​နည်း။-

27. ငါ​သည်​သင့်​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား။ သင်​သာ​လျှင်​ငါ့​အား​စစ်​တိုက်​ခြင်း​ဖြင့် အ​မှား​ကို​ပြု​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား သူကြီး​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး​သား တို့​စပ်​ကြား​၌ ယ​နေ့​တ​ရား​စီ​ရင်​ဆုံး ဖြတ်​တော်​မူ​ပါ​လိမ့်​မည်။-''

သူ​ကြီး 11