1. သူရဲကောင်းတစ်ဦးဖြစ်သူယေဖသသည် ပြည့်တန်ဆာမတစ်ယောက်၏သားဖြစ်၏။ သူ၏ဖခင်ဂိလဒ်၌၊-
10. ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။-
11. ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။
12. ထိုနောက်သူသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုလွှတ်၍``သင်နှင့်ငါတို့တွင်အဘယ် ရန်စရှိပါသနည်း။ သင်သည်အဘယ်ကြောင့် ငါတို့ပြည်သို့ချဉ်းနင်းဝင်ရောက်ရပါ သနည်း'' ဟုမေး၏။
13. အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။
14-15. ယေဖသသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုပြန်လည်စေလွှတ်ကာဤသို့ဖြေ ကြား၏။ ``မောဘပြည်ကိုသော်လည်းကောင်း၊ အမ္မုန်ပြည်ကိုသော်လည်းကောင်း ဣသရေလ အမျိုးသားတို့သိမ်းယူခဲ့ကြသည်ဆိုသည် မှာမဟုတ်မမှန်ပါ။-