သူ​ကြီး 10:7-13 Common Language Bible (BCL)

7. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အ​မျက်​ထွက်​တော်​မူ သ​ဖြင့် ဖိ​လတ္တိ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး သား​တို့​၏​လက်​အောက်​ခံ​ဖြစ်​စေ​တော်​မူ​၏။-

8. ထို​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ မော​ရိ​နယ်​မြေ​ဂိ​လဒ်​ပြည်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​ညှင်း​ပန်း​နှိပ်​စက်​ကြ​၏။-

9. အမ္မုန်​အ​မျိုး​သား​တို့​သည်​ယော်​ဒန်​မြစ်​ကို ပင်​လျှင် ဖြတ်​ကျော်​ကာ​ယု​ဒ​အ​နွယ်၊ ဗင်္ယာ​မိန် အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​တို့​ကို​တိုက်​ခိုက် ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှာ အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

10. ထို​အ​ခါ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ဟစ်​အော်​ကာ``အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ကို​စွန့်​ပယ်​ကာ ဗာ​လ ဘု​ရား​များ​ကို​ဝတ်​ပြု​မိ​ကြ​ပါ​ပြီ'' ဟု လျှောက်​ထား​ကြ​၏။

11. ထာ​ဝ​ရ​ဘု​ရား​က​ဤ​သို့​ပြန်​၍​မိန့်​ကြား တော်​မူ​၏။ ``အ​တိတ်​ကာ​လ​က​အီ​ဂျစ်​အ​မျိုး သား၊ အာ​မော​ရိ​အ​မျိုး​သား၊ အမ္မုန်​အ​မျိုး​သား၊ ဖိ​လိတ္တိ​အ​မျိုး​သား၊-

12. ဇိ​ဒုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား နှင့်​မော​နိ​အ​မျိုး​သား​တို့​သည် သင်​တို့​အား ညှင်း​ဆဲ​နှိပ်​စက်​ကြ​သော​အ​ခါ ငါ့​ထံ​သို့​သင် တို့​အော်​ဟစ်​လျှောက်​ထား​ခဲ့​ကြ​၏။ ငါ​သည် လည်း​ထို​သူ​တို့​လက်​မှ​သင်​တို့​ကို​ကယ်​ဆယ် ခဲ့​သည်​မ​ဟုတ်​ပါ​လော။

13. သို့​သော်​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ အ​ခြား ဘု​ရား​တို့​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​ပြန်​၏။ ထို့ ကြောင့်​ငါ​သည်​သင်​တို့​အား​နောက်​တစ်​ဖန် ကယ်​တော့​မည်​မ​ဟုတ်။-

သူ​ကြီး 10