သူ​ကြီး 10:6-8 Common Language Bible (BCL)

6. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗာ​လ ဘု​ရား၊ မော​ဘ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ အမ္မုန်​ဘု​ရား၊ ဖိ​လိတ္တိ ဘုရား​တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပစ်​ပယ်​၍ ကိုယ်​တော်​ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​တော့​ချေ။-

7. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အ​မျက်​ထွက်​တော်​မူ သ​ဖြင့် ဖိ​လတ္တိ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး သား​တို့​၏​လက်​အောက်​ခံ​ဖြစ်​စေ​တော်​မူ​၏။-

8. ထို​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ မော​ရိ​နယ်​မြေ​ဂိ​လဒ်​ပြည်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​ညှင်း​ပန်း​နှိပ်​စက်​ကြ​၏။-

သူ​ကြီး 10