သူ​ကြီး 10:11-18 Common Language Bible (BCL)

11. ထာ​ဝ​ရ​ဘု​ရား​က​ဤ​သို့​ပြန်​၍​မိန့်​ကြား တော်​မူ​၏။ ``အ​တိတ်​ကာ​လ​က​အီ​ဂျစ်​အ​မျိုး သား၊ အာ​မော​ရိ​အ​မျိုး​သား၊ အမ္မုန်​အ​မျိုး​သား၊ ဖိ​လိတ္တိ​အ​မျိုး​သား၊-

12. ဇိ​ဒုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား နှင့်​မော​နိ​အ​မျိုး​သား​တို့​သည် သင်​တို့​အား ညှင်း​ဆဲ​နှိပ်​စက်​ကြ​သော​အ​ခါ ငါ့​ထံ​သို့​သင် တို့​အော်​ဟစ်​လျှောက်​ထား​ခဲ့​ကြ​၏။ ငါ​သည် လည်း​ထို​သူ​တို့​လက်​မှ​သင်​တို့​ကို​ကယ်​ဆယ် ခဲ့​သည်​မ​ဟုတ်​ပါ​လော။

13. သို့​သော်​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ အ​ခြား ဘု​ရား​တို့​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​ပြန်​၏။ ထို့ ကြောင့်​ငါ​သည်​သင်​တို့​အား​နောက်​တစ်​ဖန် ကယ်​တော့​မည်​မ​ဟုတ်။-

14. သင်​တို့​ရွေး​ချယ်​ထား​သည့်​အ​ခြား​ဘု​ရား များ​ထံ​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ သင် တို့​ဒုက္ခ​ရောက်​ရာ​ကာ​လ​၌​ထို​ဘု​ရား​တို့ သည်​သင်​တို့​အား​ကယ်​ဆယ်​ပါ​လေ​စေ။''

15. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့ ရာ​တွင်​ယ​ခု​တစ်​ကြိမ်​သာ​လျှင် အ​ကျွန်ုပ် တို့​အား​ကယ်​ဆယ်​တော်​မူ​ပါ'' ဟု​အ​သ နား​ခံ​ကြ​၏။-

16. သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​လည်း စွန့်​ပယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ကုန်​၏။ ကိုယ် တော်​သည်​လည်း​ထို​သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​အ​တွက်​က​ရု​ဏာ​သက်​တော်​မူ​၏။

17. ထို​အ​ခါ​၌​အမ္မုန်​တပ်မ​တော်​သည်​စစ်​ပွဲ​ဝင် ရန်​အ​သင့်​ပြင်​လျက် ဂိ​လဒ်​ပြည်​တွင်​စ​ခန်း ချ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​စု​ရုံး​၍ ဂိ​လဒ်​ပြည်​မိ​ဇ​ပါ​မြို့​၌​တပ် ချ​ကြ​၏။-

18. သူ​တို့​က``ဤ​တိုက်​ပွဲ​တွင်​ငါ​တို့​အား​အ​ဘယ် သူ​ဦး​ဆောင်​ပါ​မည်​နည်း။ ဦး​ဆောင်​မည့်​သူ သည်​ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​ဖြစ်​လာ​စေ​ရ​မည်'' ဟု​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​နှင့်​အ​ချင်း​ချင်း​ဆွေး​နွေး တိုင်​ပင်​ကြ​၏။

သူ​ကြီး 10