1. အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။-
2. သူသည်ဣသရေလအမျိုးသားတို့၏ခေါင်း ဆောင်အဖြစ်ဖြင့် နှစ်ဆယ့်သုံးနှစ်မျှဆောင်ရွက် ပြီးနောက်ကွယ်လွန်သော် သူ၏ရုပ်အလောင်းကို ရှမိရမြို့၌သင်္ဂြိုဟ်ကြလေသည်။
3. တောလကွယ်လွန်ပြီးနောက်ဂိလဒ်ပြည်သား ယာဣရပေါ်ထွန်းလာ၍ ဣသရေလအမျိုး သားတို့အားနှစ်ဆယ့်နှစ်နှစ်တိုင်ခေါင်းဆောင် ရ၏။-
4. သူ၌မြည်းတစ်ကောင်စီစီးသောသားသုံးကျိပ် ရှိ၏။ သူတို့သည်ဂိလဒ်ပြည်တွင်မြို့ပေါင်းသုံး ဆယ်ကိုအပိုင်စားရရှိကြလေသည်။ ထိုမြို့ တို့သည်`ယာဣရရွာများ' ဟူ၍ယနေ့တိုင် အောင်နာမည်တွင်လျက်ရှိနေသေးသတည်း။-
5. ယာဣရကွယ်လွန်သောအခါသူ၏ရုပ် အလောင်းကိုကာမုန်မြို့၌သင်္ဂြိုဟ်ကြလေ သည်။
6. ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
7. သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုအမျက်ထွက်တော်မူ သဖြင့် ဖိလတ္တိအမျိုးသားနှင့်အမ္မုန်အမျိုး သားတို့၏လက်အောက်ခံဖြစ်စေတော်မူ၏။-
8. ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။-
9. အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။
10. ထိုအခါသူတို့သည် ထာဝရဘုရားထံ တော်သို့ဟစ်အော်ကာ``အကျွန်ုပ်တို့သည် ကိုယ်တော်အားပြစ်မှားမိကြပါပြီ။ အကျွန်ုပ် တို့၏ဘုရားသခင်ကိုစွန့်ပယ်ကာ ဗာလ ဘုရားများကိုဝတ်ပြုမိကြပါပြီ'' ဟု လျှောက်ထားကြ၏။
11. ထာဝရဘုရားကဤသို့ပြန်၍မိန့်ကြား တော်မူ၏။ ``အတိတ်ကာလကအီဂျစ်အမျိုး သား၊ အာမောရိအမျိုးသား၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိအမျိုးသား၊-
12. ဇိဒုန်အမျိုးသား၊ အာမလက်အမျိုးသား နှင့်မောနိအမျိုးသားတို့သည် သင်တို့အား ညှင်းဆဲနှိပ်စက်ကြသောအခါ ငါ့ထံသို့သင် တို့အော်ဟစ်လျှောက်ထားခဲ့ကြ၏။ ငါသည် လည်းထိုသူတို့လက်မှသင်တို့ကိုကယ်ဆယ် ခဲ့သည်မဟုတ်ပါလော။