သူ​ကြီး 1:8-10 Common Language Bible (BCL)

8. ယု​ဒ​အ​နွယ်​ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​၏။ မြို့​သား​တို့​ကို သတ်​၍​မြို့​ကို​မီး​ရှို့​ကြ​လေ​သည်။-

9. ထို​နောက်​တောင်​ကုန်း​ဒေ​သ​၌​လည်း​ကောင်း၊ တောင် ခြေ​ရင်း​ဒေ​သ​နှင့်​တောင်​ဘက်​သွေ့​ခြောက်​သည့် ဒေ​သ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​သော​ခါ​နာန် ပြည်​သား​တို့​အား​သွား​ရောက်​တိုက်​ခိုက်​ကြ​၏။-

10. ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။

သူ​ကြီး 1