5. ထိုမြို့တွင်သူတို့သည်အဒေါနိဗေဇက် မင်းကိုတွေ့၍သူ့အားတိုက်ခိုက်သဖြင့်၊-
6. သူသည်ထွက်ပြေးလေသည်။ သူတို့သည်ထို မင်းအားလိုက်လံဖမ်းဆီးပြီးလျှင် သူ၏ လက်မခြေမများကိုဖြတ်တောက်ပစ် ကြ၏။-
7. အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
8. ယုဒအနွယ်ဝင်တို့သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်သိမ်းပိုက်ကြ၏။ မြို့သားတို့ကို သတ်၍မြို့ကိုမီးရှို့ကြလေသည်။-
9. ထိုနောက်တောင်ကုန်းဒေသ၌လည်းကောင်း၊ တောင် ခြေရင်းဒေသနှင့်တောင်ဘက်သွေ့ခြောက်သည့် ဒေသ၌လည်းကောင်းနေထိုင်ကြသောခါနာန် ပြည်သားတို့အားသွားရောက်တိုက်ခိုက်ကြ၏။-
10. ကိရယသာဘဟုအမည်တွင်ခဲ့သည့်ဟေဗြုန် မြို့၌နေထိုင်သောခါနာန်ပြည်သားတို့ကိုလည်း သွားရောက်တိုက်ခိုက်ကြ၏။ ထိုမြို့တွင်ရှေရှဲ အဟိမန်နှင့်တာလမဲသားချင်းစုတို့ကို နှိမ်နင်းအောင်မြင်ကြလေသည်။
11. ထိုမှတစ်ဖန်ယုဒအနွယ်ဝင်တို့သည်ထိုစဉ် အခါကကိရယဿေဖာဟုနာမည်တွင်သည့် ဒေဗိရမြို့သို့ချီတက်ကြ၏။-